Chapter 67

1.6K 252 6
                                    

67. ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
By Heavenly Silkworm Potato
____________________________
Chapter 67. ရွေးချယ်မှု

ကောင်းကင်မန္တရားနှင့် ပတ်သတ်ပြီး ရှောင်ယွင် ဒီကျင့်စဉ်အား တကယ်ကို မပယ်ချင်ပါဘူး။ တျန်းအဆင့်ချီကျင့်စဉ်အထိ အဆင့်တိုးမြှင့်ပြောင်းလဲနိုင်သော ချီကျင့်စဉ်တစ်ခုမို့ ၎င်း၏ ဂုဏ်သတ္တိက အရမ်းကို ဆွဲဆောင်လွန်းသည်။ ဤကျယ်ပြောလှသော ဒိုချီကုန်မြေဒေသမှာ တျန်းအဆင့်ချီကျင့်စဉ်ဆိုတာ အစွမ်းအားအကြီးဆုံးသူတစ်ယောက်ဖြစ်ဖို့အတွက် လက်မှတ်တစ်ခုလိုပါပဲ။

ချီကျင့်စဉ်က အင်မတန်ကို စွမ်းအားကြီးသည် မှန်သော်လည်း ယင်း၏ အောင်မြင်မှု ရာခိုင်နှုန်းမှာ ၂၀ ပင် မရှိချေ။ ဤအချက်ကြောင့် လူအများကို စိတ်ပျက်စေသည်။ ရှောင်ယွင်သည် လက်ဆယ်ချောင်းကို တင်းတင်းဆုပ်ထားရင်း သူ့မျက်နှာလည်း အမျိုးမျိုးပြောင်းလဲနေသည်။ တွေဝေခြင်းနှင့် သောက ကြားထဲမှာ စဉ်းစားရခက်နေသည်။

စိုးရိမ်သောကပွားနေသော ရှောင်ယွင် မျက်နှာကို ကြည့်ပြီး ရွဲ့လော်၏ အမူအရာကလည်း ရှုပ်ထွေးလာခဲ့သည်။ ခဏအကြာမှာ သူ တိုးညှင်းစွာ အသက်ပြင်းချလိုက်ပြီ

" ဒီရွေးချယ်ခြင်းက မင်းတစ်ယောက်တည်းပဲ ဆုံးဖြတ်ရမှာ.. ငါ ကြားထဲကနေ ၀င် မစွက်ဖက်ချင်ပါဘူး.. ဒါပေမဲ့ တစ်ခုတော့ မေးကြည့်ချင်တယ်.. မင်း မိန်းကလေး ရှင်းအာကို ဘယ်လို ခံစားနေရလဲ.. "

" အာ?"
ရွဲ့လော်က သူ့ကို ငေးကြည့်ပြီ မေးမြန်းလိုက်သည့် ကိစ္စတွေကြောင့် ရှောင်ယွင်၏ မျက်နှာက တစ်မျိုးတစ်မည် ဖြစ်သွားလေသည်။ ပါးစပ်က ဟပြဲသွားပြီ အတင်းပြုံးလိုက်ကာ ပြန်မေးလိုက်သည်။

" ဆရာ... ဘာဖြစ်လို့ ဒီကိစ္စကို မေးရတာလဲ.. ရှင်းအာက ကျွန်တော့်ရဲ့ ညီမလေးတစ်ယောက်ပါပဲ.. သူ့ဆီကို ကျွန်တော် ဘာခံစားချက်ရှိရမှာလဲ.. "
နောက်ဆုံးစကားလုံးကို ပြောသည့်အချိန်မှာ အနည်းငယ် တိုးဖျော့သွားသည်။

" ဟီဟီ ညီမလေးလို... မင်းနဲ့သူနဲ့ သွေးမတော်သားမစပ်ဆိုတာ မင်းလည်းသိပါတယ်.. ဒီမိန်းမလှလေးက အသက် ၁၅ ၁၆ နှစ်ပဲ ရှိသေးတယ်... ပြီး ရှောင်မျိုးနွယ် လူငယ်ပိုင်းတွေကလည်း သူမကို အသေရရ အရှင်ရရ သဘောကျနေကြတာ.. ကဲ .. ကောင်းမလေးကသာ နောက်ထပ် အရွယ်ထပ်ကြီးလာခဲ့ရင် ဘယ်ပြောကောင်းမလဲ... "

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းWhere stories live. Discover now