47 ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
——————————————
Chapter 47. ရုန်းရင့်စွာ စော်ကားပြောဆိုခြင်းရှောင်ယွင်၏ အရှက်ကင်းမဲ့သော စကားလုံးကို ကြားလိုက်
ရတဲ့အခါမှာ ရှောင်ယု ငေးကြောင်သွားမိသည်။ ဒါပေမဲ့
တစ်ချက်လေးပင် ငေးကြောင်နေရာကနေ သူမ အားအင်
ရှိသလောက် အကုန်ထုတ်ပြီး ရုန်းထွက်ဖို့ ကြိုးစားလိုက်၏။
ဒေါသထွက်ထွက်နှင့် အားကုန် ရုန်းကန်လိုက်သောကြောင့်
မျက်နှာမှာ နီရဲတွက်လာသည်။ ဒါပေမဲ့လည်း ရှောင်ယွင်က
ပိုပြီး အားသန်သည်။ ရှောင်ယု၏ လက်ကောက်ဝတ်ကို ပို
ပြီးတင်းကျပ်စွာ ညှပ်ထားလိုက်၍ သူမလက်ကောက်ဝတ်
မှာ ပို၍ ထုံကျင်လာလေသည်။ အချိန်အတိုင်းအတာတစ်ခု
အထိ ရုန်းကန်နေပါသော်လည်း ဘာမှအကျိုးမထူး၍
အချည်းနှီး ရုန်းကန်နေမှုကို ရပ်ချလိုက်သည်။ သူမမှာ
တော်တော်လေးကို ရှက်ရွံလို့ နေပါပြီ။ ရွှေရင်မို့မို့မှာ
အနည်းငယ် လှိုက်ဖိုလို့နေသည်။ ရှောင်ယွင်ကို စိန်းစိန်း
ဝါးဝါးကြည့်ပြီး ငေါက်ငမ်းလိုက်သည်။" ခွေးကောင် ငါ့ကို လွှတ်.."
ရှောင်ယွင် သူ့ပါးစပ်ကို ဟကစားလိုက်ပြီး မျက်နှာပြင်ပေါ်
က ကုတ်ခြစ်ခံထိထားသော ဒဏ်ရာမှ စပ်ဖျဉ်းဖျဉ်းအရသာ
ကို ခံစားကြည့်လိုက်သည်။ အသက်ကို ခပ်ပြင်းပြင်း ရှိုက်
လိုက်ပြီးသူမကို ငုံ့ကြည့်လိုက်ကာ မထိတထိ လေသံဖြင့်" လွှတ်ပေးရမယ်..? ငါနာကျင်ခဲ့ရတာတွေက အလကား
သက်သက်ဖြစ်သွားမှာပေါ့ .. ဒီနေ့ မင်းကို ဖျက်ဆီးမယ်
လို့ ငါပြောပြီးသားပဲ... "သူမထက် အသက်က အများကြီးငယ်တဲ့ သူက သူမကို အပေါ်ကနေ အုပ်စီးထားပြီး ဖျက်ဆီးပစ်လိုက်မည်ဟု
အတွင်တွင် ခြိမ်းခြောက် နေ၍ ရှောင်ယုမှာ ငိုရမလား
ရယ်ရမလား ပင် မသိတော့။ ရှောင်ယွင်က ဒီလိုကိစ္စကို
မလုပ်လောက်ဘူးဟု သူမကျိတ်ပြီး ယုံကြည်ထားမိသည်။သူမလက်ကောက်ဝတ်ကို ကြိုးစားပြီ လိမ်ဖယ်ရုန်းလိုက်
ပါသော်လည်း လုံးဝကို မလွတ်ထွက်ချေ။ သူမ ရှောင်ယွင်
ကို မျက်တောင်ပင် မခတ်ဘဲ ကြည့်လိုက်ပြီ ယခုအခြေ
အနေကို ရယ်ဖွယ်ရာ ကောင်းသည့်အလား ငေါ့တော့တော့
ဖြင့် ပြောလိုက်၏
![](https://img.wattpad.com/cover/156754420-288-k775992.jpg)
YOU ARE READING
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Adventureကုန်းမြေဒေသတခု မှော်ပညာတွေလည်း မရှိပါဘူး.. အင်အားကြီးသူသာ အုပ်ချုပ်ရပြီး အင်အားငယ်သူတွေလိုက်နာရ၏။ ရတနာအမျိုးမျိုးနှင့် ဆွဲဆောင်မှုရှိတဲ့ မိန်းမလှလေးများ ပြည့်နှက်နေတဲ့ ကုန်းမြေ.. ကြိုမသိနိုင်တဲ့ အန္တရယ်အထွေ အထွေ.. .. လွန်ခဲ့သော သုံးနှစ် ရှောင်ယွင် ရာ...