အပိုင်း ( ၈၅ ) - လက်ခံခြင်း
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through the Heavens
Translated by Kaung Mytatသံတုတ်ကိုယ်စီကိုင်ဆောင်ထားကြသည့်အပြင် ကြယ်လေးလုံး ဒိုကျဲအဆင့်သမား ဆယ်နှစ်ယောက်အား ထိပ်တိုက်တွေ့လိုက်ရ သည့်အခါတွင် တစ်ဖက်က အင်အားကြွားလုံးထုတ်ကြနေကြသော ဆယ်ယောက်ကျော်အဖွဲ့သည် ရုတ်တရက် တောင့်တင်းသွားကြ သည်။ ထွက်ပြေးမည်ကြံလိုက်သော်လည်း အနက်ရောင်သံမဏိ တုတ်များက မိုးရွာသွန်းလိုက်သည့်ပမာ သူတို့ ခန္ဓာကိုယ်အနှံ့ဆီကို ရက်စက်ပြင်းထန်စွာ ကျရောက်သွားကြသည်။ ခဏအတွင်းမှာပဲ ထိတ်လန့်ဖွယ်ကောင်းသော စူးစူးဝါးဝါးအော်သံများသည် ထိုလမ်းတစ်ခုလုံး ပဲ့တင်ထပ်သွားတော့သည်။
မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီးသော ဂျားလီယောင်အား ရှောင်ယွင်က အေးစက်စက်ကြည့်လိုက်သည်။ တဖန် ဒေါသထွက် နေသည့်အပြင် မျက်နှာကလည်း နီရဲနေသော ရှောင်ယုအား မျက်နှာချင်းဆိုင်ကြည့်လိုက်ပြီး ညင်သာသော အသံဖြင့် မေးလိုက် သည်။
" အဆင်ပြေရဲ့လား.. လာမယ်ဆိုလည်း ငါ့ကို အကြောင်းကြားထား သင့်တာပေါ့.. မကြာခင်ကလည်း ဂျားလီကလန်က ခွေးသား တစ်သိုက်ကလည်း ဒီမှာ ပြဿနာလာရှာဖို့ ကြံနေကြတာ.. "
ရှောင်ယွင်ဆီကနေ ပထမဆုံးအကြိမ်အဖြစ် ရုတ်တရက်ကြီး ညင်သာစွာ ပြောဆိုဆက်ဆံခံရသောအခါ ရှောင်ယုမှာ သိသာ ထင်ရှားစွာဖြင့် အထိတ်တလန့် ဖြစ်သွားခဲ့ရသည်။ နီရဲနေသော သူမမျက်နှာက အနီရင့်ရင့်ပင် ဖြစ်လုတော့သည်။ ထို့နောက် သူမသည် အကြည့်အား ဟိုလွှဲသည်လွှဲလုပ်ရင်း ပြောသည်။
" အိမ်ကနေ ထွက်လာတော့ ရှင်းအာကို တွေ့တယ်.. သူပြောတာ က မင်းကို တွေ့ချင်လို့ ထွက်လာတာလို့ပြောတယ်. အဲဒါနဲ့ ငါလည်း အဖော်လိုက်ခဲ့တာပေါ့.. ဒီခွေးကောင်တွေနဲ့ ဆုံရမယ်လို့ ငါ မထင်ထားမိဘူးလေ.. "
ရှောင်ယွင် ခေါင်းကိုသာ ခါရမ်းနေမိတော့သည်။ ထို့နောက် အစိမ်းရောင်ကောင်မလေးကို ကြည့်လိုက်သည်။ သူမ၏ မျက်နှာမှာ ပျော်ရွှင်ခြင်းနှင့် ပြည့်ဝလို့နေသည်။ သူမကို ကြည့်ရင်း ရှောင်ယွင် ၏ အပြုံးများက ပို၍ပင် ညင်သာလာသည်။
YOU ARE READING
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Adventureကုန်းမြေဒေသတခု မှော်ပညာတွေလည်း မရှိပါဘူး.. အင်အားကြီးသူသာ အုပ်ချုပ်ရပြီး အင်အားငယ်သူတွေလိုက်နာရ၏။ ရတနာအမျိုးမျိုးနှင့် ဆွဲဆောင်မှုရှိတဲ့ မိန်းမလှလေးများ ပြည့်နှက်နေတဲ့ ကုန်းမြေ.. ကြိုမသိနိုင်တဲ့ အန္တရယ်အထွေ အထွေ.. .. လွန်ခဲ့သော သုံးနှစ် ရှောင်ယွင် ရာ...