Chapter 100

1.2K 253 9
                                    

အပိုင်း ( ၁၀၀ ) - လူတစ်ယောက်၏ အလားလာအား အတန်းခွဲခြင်း

ကောင်းကင်ဘုံသို့် စစ်ပြိုင်ခြင်း
Battle Through The Heavens

မထင်မှတ်ဘဲ ထွက်ပေါ်လာသော အမျိုးသမီးအသံမှာ ညင်သာပြီး လွမ်းဆွတ်စေနိုင်သည့် ခံစားချက်ကို ပေးစွမ်းနိုင်သည်။ ထိုကဲ့သို့ ကြင်နာသိမ်မွေ့သည့် စကားအောက်မှာ ရှောင်ယွင်သည် စိတ်ခွန်းအားကောင်းပေမဲ့ အနည်းငယ်တော့ သတိပျံ့လွင့်သွားသည်။ ထို့နောက်တွင်တော့ အသံလာရာဘက်ကို လှည့်ပြီး တဲဘက်ကို ကြည့်လိုက်ကြသည်။
ရွက်ဖျင်တဲ၏ အရိပ်အောက်တွင် အမျိုးသမီးတစ်ယောက်ဟာ အစိမ်းရောင်အဝတ်နှင့် ပြုံးရယ်ပြီးတော့ လှပစွာ မတ်တတ်ရပ်နေသည်။ သူမ၏ မျက်နှာက အပြုံးသည် နွေးထွေးသည်။ သူမသည် ဘေးပတ်လည်ကို ကြည့်လိုက်သည်။ ညင်သာသိမ်မွေ့သော သူမ၏ အကြည့်က စီးဆင်းနေသောရေယဉ်ကဲ့သို့ လူတိုင်းအား သူမ၏ ရွှန်းလဲ့တောက်ပသော ညင်သာသိမ်မွေ့မှုနှင့် ယစ်မူးစေသည်။
ထိုအမျိုးသမီးသည် ရှောင်ယုနှင့် အခြားသောသူတွေထက် အသက်ကြီးသည်။ လှပသိမ်မွေ့သည့် ကိုယ်နေဟန်ထားနှင့် ဆွဲဆောင်မှုအားကောင်းသော ရင့်ကျက်မှုက နှစ်များစွာ ထုဆန်ပုံဖော်ခဲ့ဟန်ရှိသည်။ ဒီလို သဘာဝကျကျ သာယာ ကြည်နူးဖွယ်ကောင်းသော ချစ်စရာကောင်းခြင်းက ရင့်ကျတ်နေပြီးဖြစ်သော ရှောင်ယုနှင့် တခြားမိန်းကလေးတွေထက် အပုံကြီးသာလေသည်။
ရှောင်ယွင်သည် ထိုအမျိုးသမီးအား သေသေချာချာ ကြည့်ရှုလိုက်ပြန်သည်။ သူမ၏ အလှအပက ရှင်းအာနှင့် ရှောင်ယုတို့ထက် အနည်းငယ်လျော့ကျနေပေမဲ့ သူမ၏ ထူးကဲသော ကြင်နာသိမ်မွေ့မှုက ရှောင်ယွင်ကိုပင် မှင်တက်မိစေသည်။
တဖက်တွင်ရှိနေသော ထိုအမျိုးသမီးသည် ရေလို ငြိမ့်ညောင်းသည် ညင်သာသိမ်မွေ့မှုတွင် စံနမူနာ ထားရလောသည်။
ထိုအမျိုးသမီး ထွက်ပေါ်လာသည်နှင့် ရွက်ဖျင်တဲအနား တွင် ရှိနေကြသော ကျောင်းသားတွေက တဖြည်းဖြည်း စိတ်လှုပ်ရှားလာကြသည်ကို ရှောင်ယွင် ချက်ချင်း သတိထားမိလိုက်ည်။ သူမအား ကြည့်နေကြသည့် သူတို့ အကြည့်တွေမှာ မှန်းရခက်သော ခံစားချက်တွေလည်း ပါဝင်နေသည်။
" ဆရာမ ရိုလင်.. ဟားဟား.. ဆရာမကို အရမ်းသတိရနေတာ "

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းWhere stories live. Discover now