အပိုင်း ( ၇၇ ) - ဆေးအမယ်ထောက်ပံ့မှုကို ဖြတ်ချခြင်း
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through the Heavens
Translated by Kaung Myatပထမတန်းလေလံအိမ်... ဧည့်သည်လက်ခံရာ ဧည့်သည်စောင့်ခန်း တွင် ဖြစ်သည်။
စားပွဲခုံ၏ ထိပ်နေရာတွင် ကျောက်စိမ်းပုလင်းဗူးလေးတစ်လုံး ရှိနေ ကာ ၎င်းအတွင်းတွင် ဆေးလုံးတစ်လုံးက ငြိမ်သက်စွာ ရှိနေသည်။ ချောမွတ်ကာ လုံးဝန်ပြီး တောက်ပသော ဆေးလုံးတစ်လုံး ဖြစ်ပြီး မွှေးပျံ့သော ရနံ့က အခန်းအတွင်းတွင် မွှေးကြိုင်နေရာ အခန်းအတွင်းရှိ လူအားလုံး၏ စိတ်အာ၇ုံကို ဆွဲဆောင်နေလျက် ရှိသည်။
ပထမတန်းလေလံအိမ်၏ ခေါင်းဆောင်နှစ်ယောက်ဖြစ်သော ရဖေးနှင့် ကုနီတို့ နှစ်ယောက်သည်လည်း ဆေးလုံးကို ငေးကြည့် နေရင်း မျက်နှာများတွင်လည်း ဝမ်းသာပျော်မြူးနေသည့်ဟန်က ထိန်းမရလောက်အောင် ဖြစ်ပေါ်နေသည်။
အနက်ရောင်ဝတ်ရုံအတွင်းမှာ ရှိနေသည့် ရှောင်ယွင်သည် သူအရှေ့တွင် ရှိနေပြီး သူ့ကိုပင် မေ့လုနီပါးဖြစ်နေသော ရဖေးနှစ်ယောက်ကို ကြည့်ပြီး သဘောမကျသလိုဖြစ်ကာ စိတ်ထဲမှာလည်း သရော်လိုက်မိသည်။
" ဟားဟား.. ရွဲ့လော်က ချီစုစည်းဆေးလုံးကို ဖော်စပ်ထားတဲ့နေရာမှာ အရည်အသွေးလျှော့ထားတဲ့ ဆေးအမယ်တွေပဲ သုံးထားတာ သိကြရင် ဒီမျက်နှာတွေ ဘယ်လိုတွေ ဖြစ်ကုန်ကြမလဲ မသိဘူး.. "
အခု ရှောင်ယွင်ယူလာသည့် ချီစုစည်းဆေးလုံးသည် သူကိုယ်တိုင် သုံးစွဲသည့် ဆေးလုံးထက် တော်တော်လေးကို အရည်အသွေးနိမ့် ပါသည်။ ရွဲ့လော် စိတ်မပါ့တပါ့ ဖော်စပ်ထားသော ဤဆေးလုံးက ရဖေးနှင့်ကုနီတို့ နှစ်ယောက်ကို အတော်လေး အံ့သြမင်သက်စေသည်မှာ ရယ်ချင်စရာကောင်းနေသည်။
" အိုး.. လူကြီးမင်း.. ခင်ဗျားရဲ့ မှော်ဆေးပညာရပ်ကတော့ တကယ့် ကို အံ့မခန်းပါပဲ.. လူကြီးမင်းဖော်စပ်ထားတဲ့ ချီစုစည်းဆေးလုံး ကတော့ အဆင့်၅ မှော်ဆေးပညာရှင်ဖော်စပ်ထားတာနဲ့တောင် ယှဉ်လို့ ရနေပြီး.. "
ကုနီတစ်ယောက် အစိမ်းဖျော့ဖျော့အရောင် ဖြစ်နေသော ဆေးလုံးကို စိတ်ပါလက်ပါဖြင့် ချီးကျူးနေသည်။
YOU ARE READING
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Adventureကုန်းမြေဒေသတခု မှော်ပညာတွေလည်း မရှိပါဘူး.. အင်အားကြီးသူသာ အုပ်ချုပ်ရပြီး အင်အားငယ်သူတွေလိုက်နာရ၏။ ရတနာအမျိုးမျိုးနှင့် ဆွဲဆောင်မှုရှိတဲ့ မိန်းမလှလေးများ ပြည့်နှက်နေတဲ့ ကုန်းမြေ.. ကြိုမသိနိုင်တဲ့ အန္တရယ်အထွေ အထွေ.. .. လွန်ခဲ့သော သုံးနှစ် ရှောင်ယွင် ရာ...