ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
အပိုင်း ၁၃၅======================================
လျှာနှစ်ခုဟာ ရှောင်ယွင်၏ ပါးစပ်ခံတွင်းမှာပဲ အယှက်အတင်ဖြစ်လို့ နေသည်။ သာယာနှစ်သိမ့်မှုလှိုင်း တသိမ့်သိမ့်လေးတွေက ရှောင်ယွင်၏ နှလုံးသားထဲအထိ တစိမ့်စိမ့် ဝင်ရောက်လို့နေသည်။ သူ့လက်မောင်းအားက တဖြည်းဖြည်း အားများလာကာ ထိုမိန်းမပျိုအား သူ့ကိုယ်နှင့် ပူးကပ်စေချင်သည့်နှယ် ဆွဲဖက်ထားလို့ နေသည်။ဆန္ဒမီးတောက်တွေက တဖြည်းဖြည်း ပြင်းထန်လို့ လာလေသည်။ ရှောင်ယွင်မှာ သာယာယစ်မူးနေကာ သူ့လက်ကလည်း အလိုလိုပင် ယွင်ချီရဲ့ ခါးငယ်လေးအထက်သို့ တွယ်တက်လို့ လာနေသည်။ လက်ချောင်းက အနည်းငယ်လျှောက်သွားရင်းမှ အနက်ရောက်ဝတ်ရုံအောက်သို့ ရောက်ရှိလို့ သွားကာ ချောမွတ်၍ နူးညံ့လှသည့် ပူနွေးနေသော ကျောက်စိမ်းအသားနှယ် အသားအရေကို ထိတွေ့လို့ သွားလေသည်။
နှစ်ယောက်သား ခန္ဓာကိုယ်တို့က ရင်းရင်းနှီးနှီး ထိတွေ့ပွတ်ထိသွားသည်နှင့် ရှောင်ယွင်နှင့် ယွင်ချီတို့မှာ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်လို့ သွားလေကာ အသက်ရှုအသံများ ပြင်းထန်မြန်ဆန်လာလေသည်။ ရှောင်ယွင်၏ လက်က တဖြည်းဖြည်း အထက်ပိုင်းသို့ တိုးတက်လို့ သွားလေသည်။ ခဏအကြာတွင် ရှောင်ယွင်သည် သူမ၏ နူးညံ့အိစက်သည့် တောင်ထွတ်နှစ်ခုကို အမှန်အကန် အုပ်ကိုင်ထားလို့ နေလေပြီး။
မိမိ၏ ခံစားမှုအကောင်းဆုံးအရာကို ပိုင်ပိုင်နိုင်နိုင် ကျူးကျော်လာခဲ့လိုက်ခြင်းကြောင့် ယွင်ချီမှာ မူလက ဆန္ဒရမ္မက်ကြောင့် သာယာမိန်းမောနေရမှ အနည်းငယ် အသိဝင်လာခဲ့သည်။ သူမမျက်နှာက ဖြူဖျော့သွားခဲ့ပြီးလျှင် သူမတို့ နှစ်ယောက်သား၏ ကိုယ်ဟန်အနေအထားကို သတိရသွားခဲ့သည်။ လျှပ်စစ်လျှပ်သည့်နှယ် သူမသည် ရှောင်ယွင်ကို ပယ်ခွာလိုက်ကာ သူမ၏ သွားဖြူဖြူကို ကြိတ်၍ အားစိုက်ကာ ကြိမ်းမောင်းလေသည်။
" ရွဲ့ယွင်.. နင်.. နင်.. ငါ့ကို ဒီလို လုပ်ရဲတယ်လား.. ငါ့ အစွမ်းတွေ ပြန်ရတာနဲ့ နင့်ကို ငါသတ်မယ်.. "
![](https://img.wattpad.com/cover/156754420-288-k775992.jpg)
YOU ARE READING
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Adventureကုန်းမြေဒေသတခု မှော်ပညာတွေလည်း မရှိပါဘူး.. အင်အားကြီးသူသာ အုပ်ချုပ်ရပြီး အင်အားငယ်သူတွေလိုက်နာရ၏။ ရတနာအမျိုးမျိုးနှင့် ဆွဲဆောင်မှုရှိတဲ့ မိန်းမလှလေးများ ပြည့်နှက်နေတဲ့ ကုန်းမြေ.. ကြိုမသိနိုင်တဲ့ အန္တရယ်အထွေ အထွေ.. .. လွန်ခဲ့သော သုံးနှစ် ရှောင်ယွင် ရာ...