အပိုင်း ( ၁၄၀) – အသက်ဘေးတိုက်ပွဲ
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
+++++++++++++++++ရှောင်ယွင်က ပါးစပ်အပြည့် ငုံ့လျက်လိုက်တဲ့အခါမှတော့ ကျောက်စားပွဲခုံပေါ်က နီလာခရမ်းအဆီအနှစ်ဟာ ပြောင်သလောက်တော့ ရှိသွားခဲ့သည်။ ရှောင်ယွင်လည်း နှုတ်ခမ်းထောင့်စွန်းက ဖုန်အမှုန့်တို့ကို သုတ်လိုက်သည်။ ထို့နောက် အနောက်လှည့်လိုက်ပြီ အံ့အားသင့်စွာ ကြည့်နေဆဲ ဖြစ်သည့် ရွဲ့လော်ကို ကြည့်လိုက်ရင်းမှ မတူမတန် ကြည့်လိုက်ကာ မခိုးမခန့်လေသံဖြင့် ခနဲ့လိုက်သည်။
" ဖြုန်းတီးတယ်ဆိုတာ တကယ့်ကို ရှက်ဖို့ကောင်းတဲ့ အရာပဲဗျ... "
" အေးပါကွာ.. ရှက်ဖို့ ကောင်းတာပေါ့ကွာ.. "
ရွဲ့လော်မှာ ပြောစရာ စကားပင် ရှာမရတော့ဘဲ ခေါင်းကိုပဲ ညိတ်ပြလိုက်ရတော့သည်။ ထို့နောက် ကြက်သေသေနေရာမှ ခေါင်းကို ခါယမ်းလိုက်ပြီ ရှောင်ယွင်ကို အရေးတကြီး လော်ဆော်လိုက်ပြန်သည်။
" သွားစို့.. မြန်မြန်ထွက်ရအောင်.. တော်ကြာ ဟိုကောင် ပြန်လာလိမ့်မယ်.."
" ဟုတ်.." ရွဲ့လော်ပြောမှဘဲ ရှောင်ယွင်လည်း သတိရသွားပြီ ခေါင်းကို သွက်သွက် ညိတ်လိုက်သည်။ သူ့အကြည့်သည် ကျောက်စားပွဲပေါ်က ကပ်သီးကပ်သတ် ကျန်နေသေးသည့် နီလာခရမ်းအဆီအနှစ်ပါးပါးလေးကို မခွဲနိုင်မခွာရက် ကြည့်လိုက်ရင်းမှ အနောက်လှည်ပြီး ဂူအဝင်ပေါက်ဆီသို့ တစ်ချိုးတည်း ပြေးလေတော့သည်။
ယွင်ချီ ထည့်သွင်းထားပေးသည့် လေဓာတ်ဒိုချီစွမ်းအင်မှာ ဒီအခါမှတော့ အကုန်လုံး နှိုးဆွအသုံးပြုလိုက်ပါတော့သည်။ ရှောင်ယွင်၏ အလျင်နှုန်းကား အရင်တုန်းက မရခဲ့ဖူးသည့် အလျင်နှုန်းမျိုးအထိ ရောက်ရှိလာခဲ့ကာ ပြေးလွှားနေသည့် ခြေလှမ်းများက အရိပ်ခွဲများ ဖြစ်နေသယောင်ယောင်ပင် ရှိလာတော့သည်။
ဂူလမ်းကြောင်းကို ဖြတ်ကျော်ပြီးနောက် ရှောင်ယွင်မှာ နောက်တွန့်နေခြင်းမရှိဘဲ ဂူဝင်ပေါက်ကြီးဆီသို့ ဆက်လက်အပြေးအလွှား ပြေးပြန်သည်။
YOU ARE READING
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Adventureကုန်းမြေဒေသတခု မှော်ပညာတွေလည်း မရှိပါဘူး.. အင်အားကြီးသူသာ အုပ်ချုပ်ရပြီး အင်အားငယ်သူတွေလိုက်နာရ၏။ ရတနာအမျိုးမျိုးနှင့် ဆွဲဆောင်မှုရှိတဲ့ မိန်းမလှလေးများ ပြည့်နှက်နေတဲ့ ကုန်းမြေ.. ကြိုမသိနိုင်တဲ့ အန္တရယ်အထွေ အထွေ.. .. လွန်ခဲ့သော သုံးနှစ် ရှောင်ယွင် ရာ...