Chapter 61

1.4K 267 3
                                    

61 ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
_______________________________
Chapter 61 - ရုပ်ဖျက်ခြင်း

မျိုးနွယ်စု သုံးဖွဲ့သည် လေလံခန်းမ၏ ၀င်ပေါက်ကနေ ထွက်ခွာတော့မည့်အချိန်တွင် မျိုးနွယ်ခေါင်ဆောင်တွေအချင်းချင်းတွေဟာ တစ်ယောက်ကို တစ်ယောက် အတုအယောင်အပြုံးများ သာယာဖွယ်မရှိသော ရယ်သံများဖြင့် နှုတ်ဆက်လိုက်ကြသည်။ မမြင်ကွယ်ရာမှာ သူတို့၏ မျက်နှာတွေသည် ရန်လိုခြင်း.. လှောင်ပြောင်ခြင်းတွေက သူတို့မျက်နှာမှာ ဖြစ်ပေါ်နေသည်။

မျိုးနွယ်စုသုံးစုသည် ဟိတ်ဟန်ထုတ်ပြီ ခန်းမကို ကျော်ဖြတ်၍ လမ်းလျှောက်ထွက်လာရာ လမ်းတစ်လျှောက်မှာ ရှိသောလူတွေက အလျင်အမြန်ပဲ ဘေးကို ကပ်လျှောက်လိုက်ကြသည်။ ၀ူတန်မြို့မှာ မျိုးနွယ်စုသုံးစုကို ယှဉ်ပြိုင်နိုင်လောက်တဲ့အထိ စွမ်းအားရှင်ဆိုတာ မရှိပါဘူး။

ထိုအခိုက် အနားမှာရှိနေတဲ့ အော့ပါးဘာကို ရှောင်ကျန်းက စကားလှမ်းပြောလိုက်တဲ့အချိန်မှာ ရုတ်တရက် ရှောင်ကျန်းသည် လမ်းလျှောက်နေတာ တုံ့ခနဲ ဖြစ်သွားပြီ သူ့ခြေလှမ်းက ရပ်တန့်သွားသည်။

ရှောင်ကျန်းရပ်တန့်သွားတာကို ကြည့်ုပြီး အားလုံးက ရှောင်ကျန်းကြည့်ရာဘက်ကို လိုက်ကြည့်လိုက်ကြသည်။ ကြည့်မိလိုက်သည်ခဏမှာ သူတို့ခန္ဓာကိုယ်ဟာ အနည်းငယ် တုန်လှုပ်သွားပြီ ဂျားလီဘီနှင့် အော့ပါးဘာတို့တောင် မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။

သူတို့ မြင်လိုက်ရသည်က ခန်းမ၏ တခြားသော ၀င်ပေါက်ကနေ လူသုံးယောက်ဟာ ပုံမှန် လမ်းလျှောက်ထွက်လာကြသည်ကိုပင် ဖြစ်သည်။ အရှေ့က ဦးဆောင်လာသောလူမှာ လူတိုင်း မမျှော်လင့်ထားသည့် ပထမတန်းလေလံအိမ်၏ လေလံမှူး ရဖေး ဖြစ်နေသည်။ လေလံအိမ်ကို မကြာခဏရောက်နေတတ်ကြသည့် ဖောက်သည်တွေမို့ ရှောင်ကျန်းနှင့် အားလုံးဟာ ရဖေး၏ အတွင်းစိတ်အမှန်ကို သိထားကြသည်။ ဒီမိန်းမဟာ အမြဲတမ်းပြုံးရွှင်နေသော မျက်နှာထားဖြင့် နေတတ်ပါသော်လည်း အမှန်မှာ သူမဟာ အင်မတန်ကို မာနကြီးသူတစ်ယောက်ပါ။

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းWhere stories live. Discover now