CH 121

1.2K 159 4
                                    

အပိုင်း ( ၁၂၁ )

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens

အရှိန်ပြင်းစွာ ကျဆင်းနေသော ရေတံခွန်မှာ အောက်ခြေ က ကျောက်တုံးတွေကို အငြိုးကြီးစွာဖြင့် ရိုက်ချလို့ နေ သည်။ရေခိုးရေငွေ့တို့သည်လည်း တောင်ကြားငယ်ထဲက နေ တထောင်းထောင်း လွင့်ပျံတက်နေသည်။

ရေတံခွန်အောက်က မြေကွက်လပ်တွင် အထက်ပိုင်း ဗလာကျင်းထားသော လူငယ်တစ်ယောက်က ကြည့်ရတာ ထူးဆန်းလှသော ဓားနက်ကြီးကို သယ် ဆောင်ထားပြီ  လွှဲယမ်းနေသော သစ်လုံးများ၏ ရှုပ်ပွေ လီသော တိုက်ခိုက်မှုများကို တည်ငြိမ်သော မျက်နှာ ထားဖြင့် ရှောင်ရှားလို့နေသည်။ ရံဖန်ရံခါ ခုန်ပျံလိုက်.. လျင်မြန်စွာ ရှောင်တိမ်းလိုက်ဖြင့် မျောက်လွှဲကျော် တစ်ကောင်လို  သွက်လက်လွန်းလှသည်။ နေရောင်ခြည် အောက်တွင် ထိုလူငယ်၏ အရပ်မြင့်မြင့် သန်သန်မာမာ ခန္ဓာကိုယ်က ကြည့်ရသည်မှာ ပေါ့ပါးလန်းဆန်းနေသလိုပင်။

ဤ တောင်ကြားထဲကို ရှောင်ယွင် ရောက်လာခဲ့သည်မှာ တစ်လ ရှိပြီးဖြစ်သည်။ ထိုကာလအတွင်း သူ့၏ အချိန်နီး ပါး အားလုံးကို သစ်တိုင်လုံးများဖြင့် အချိန်ကုန်ခဲ့ရသည်။ အကြိမ်ပေါင်းများစွာ ပြုတ်ကျခဲ့ရသလို ခန္ဓာကိုယ်တွင် လည်း ဒဏ်ရာဒဏ်ချက်များဖြင့် အခါခါ ပွန်းပဲ့ခဲ့ရသည်။

သို့သော် ကြိုးစားသလောက် အရာထင်လာခဲ့သည်။ လက်ရှိ ရှောင်ယွင်အခြေအနေမှာ သစ်လုံး ဆယ့်နှစ်လုံး တို့ကို တစ်ပြိုင်နက် ရှောင်လို့ ရနေပြီး ဖြစ်သည်။ လွန်ခဲ့ သည့် တစ်လအချိန်နှင့် နှိုင်းယှဉ်ကြည့်ပါလျှင် တိုးတက်မှု အတော်လေး ကြိးမားသည်ဟု ဆိုနိုင်သည်။ လွန်ခဲ့သည့် တစ်လအချိန်တွင် သစ်လုံး ငါးလုံးပင် မကျော်ရသေးဘဲ အရှက်တကွဲ ဒလိမ့်ခေါက် ပြုတ်ကျခဲ့ရသည်မဟုတ်လား။
ထို သစ်တိုင်လုံးစိုက်ထူထားသော ဧရိယာအပြင်ဘက် တွင် ကြီးမားသော ကျောက်တုံးတစ်တုံးထက်တွင် ရွဲ့လော်က ထိုင်လျက် ရှိနေကာ သစ်တုံး ဆယ်နှစ် တုံးကျော်တို့အား ရှောင်ယွင်က ရှောင်တိမ်းနေသည်ကို ခပ်ပြုံးပြုံးဖြင့် လေ့လာအကဲခတ်ကြည့်နေသည်။ ရွဲ့လော် က ခေါင်းကို အသာညိတ်လိုက်ပြီးနောက် အင်္ကျီလက်ရှည် ကို တစ်ခါ လွှဲယမ်းလိုက်သည်။ ထိုအခါ ချိတ်ဆွဲထား သော သစ်လုံး သုံးလုံးက ရုတ်တရက် ရှောင်ယွင်ဆီကို ပြင်းထန်စွာ ပြေးဝင်လာသည်။

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းWhere stories live. Discover now