ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
——————————————
Chapter 27. အဆင့် ၇ သို့ အမြန်သွားမယ်အချိန်ဟာ လက်ချောင်းကြားထဲက စိမ့်ထွက်သွားတဲ့ ရေလို
ပဲ... လျင်မြန်ထူးဆန်းစွာ ကုန်လွန်သွားခဲ့ပြီး..ပူပြင်းတောက်ပတဲ့ နွေရာသီဟာ ရာသီဇာတ်ခုံပေါ်ကနေ
ဆင်းရတော့မဲ့အချိန်ရောက်ပြီထင်ရဲ့ အအေးဓာတ်တွေက
တဖြည်းဖြည်းလွှမ်းခြုံလာပြီး မြစိမ်းဖူးသစ်ရွက်စိုတို့ဟာ
ဇရာထောင်း၍ ရင့်ရော်ရွက်ဝါ မြေခလို့ နေသည်။အခန်းငယ်လေး သပ်သပ်ရပ်ရပ်နှင့် ဆောင်းနေခြည်နုနု
လေးက ပြတင်းပေါက်ကနေ ဖြန့်ကျက်ဖြာဆင်းလျက် ရှိ
သည်။အခန်းငယ်အတွင်း သစ်သားရေစည်ပိုင်းတစ်လုံးထဲမှာ
လူငယ်လေးတစ်ဦးဟာ ထိုင်လေ့ကျင့်လျက်ရှိသည်။ မျက်
လုံးနှစ်ဖက်လုံးဟာ မှိတ်ထားပြီး လက်နှစ်ဖက်က ယှက်
လျက် ပေါင်ပေါ်တင်ထားသည်။ဒီနှစ်အတောအတွင်း အချိန်အများစုဟာ လေ့ကျင့်ခြင်းပဲ
ပြုလုပ်နေခဲ့ခြင်းကြောင့် နူညံ့ပြီးချောမွေ့တဲ့ မျက်နှာပေါ်မှာ
ခေါင်းမာတဲ့ဟန်တွေ ပိုပိုပြီး မြင်သာလာသလို ပိရိပြတ်သား
သည့် နှုတ်ခမ်တစ်စုံကလည်း ဆုံးဖြတ်ချက်အတိုင်းလုပ်
ဆောင်တတ်သည်ကို ဖော်ညွန်းနေသည်။ မိန်းကလေး
အသားအရေကဲ့သို့ ဖြူဆွတ်သည့် အသားအရေက
မရပ်မနားလေ့ကျင့်ခြင်းကြောင့် အနည်းငယ်ဝါကျင့်ကျင့်
ဖြစ်နေသည်။ ခန္ဓာကိုယ်ငယ်လေးဟာ ကြွက်သားတွေက
သိပ်မပေါ်လွင်သော်လည်း ကျားသစ်တစ်ကောင်လို စွမ်း
အားအပြည့်ရှိသည်။ဘယ်အစိတ်အပိုင်းကိုပဲ ကြည့်ကြည့် လူငယ်ဟာ သိသိ
သာသာ ပြောင်းလဲသွားချေပြီး။ လုံးဝပြောင်းလဲပြီးသွားခဲ့ရင်
အားလုံးကို အလန့်တကြားဖြစ်သွားစေမှာ အသေအချာပါပဲ..လူငယ်လေး၏ ညင်သာစွာ အသက်ရှုလိုက်တိုင်း သစ်သား
စည်ပိုင်းထဲကနေ လွင့်တက်လာတဲ့ အစိမ်းရောင်အငွေ့
အမျှင်တန်းက ရှုသွင်းလိုက်တဲ့ လေစီးကြောင်းနှင့်အတူ
သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားနေသည်။
YOU ARE READING
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Adventureကုန်းမြေဒေသတခု မှော်ပညာတွေလည်း မရှိပါဘူး.. အင်အားကြီးသူသာ အုပ်ချုပ်ရပြီး အင်အားငယ်သူတွေလိုက်နာရ၏။ ရတနာအမျိုးမျိုးနှင့် ဆွဲဆောင်မှုရှိတဲ့ မိန်းမလှလေးများ ပြည့်နှက်နေတဲ့ ကုန်းမြေ.. ကြိုမသိနိုင်တဲ့ အန္တရယ်အထွေ အထွေ.. .. လွန်ခဲ့သော သုံးနှစ် ရှောင်ယွင် ရာ...