CH 132

901 131 4
                                        

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Though The Heavens
အပိုင်း ၁၃၂

===================================
မှော်သားရဲကောင်များက ထူးခြားသည့်အမျိုးသမီးအား စတင်ရှာဖွေ သည့်အချိန်တွင် ရှောင်ယွင်မှာ ရွဲ့လော်၏ ကာကွယ်မှုအောက်တွင် ရှိနေသေးသည်။ သူတို့သည် တိတ်တဆိတ်ဖြင့် သူတို့ ပုန်းကွယ် နေထိုင်သည့် ဂူဆီသို့ မှော်သားရဲကောင်တို့အား ပေးမသိစေဘဲ အမြန်ပြန်လာခဲ့ကြသည်။  

" အရမ်းကို စိတ်လှုပ်ရှားစရာပဲ.. ပြီးတော့ အမျိုးသမီးရဲ့ နောက်ဆုံး ထုတ်သုံးလိုက်တဲ့ တိုက်ကွက်ကလည်း တကယ့်ကို ကြောက်စရာ ပဲ.. တကယ်လို့ နီလာခရမ်းတောင်ပံခြင်္သေ့က အချိန်မီ မရှောင် လိုက်နိုင်ဘူးဆိုရင် သူ့ခေါင်းကတော့ ပေါက်ထွက်သွားမှာပဲ.. "  

စိတ်လှုပ်ရှားစရာကောင်းလွန်းသည့် လှပသည့် တိုက်ပွဲမြင်ကွင်းကို ပြန်လည်မြင်ယောင်ရင်း ရှောင်ယွင်မှာ နှလုံးခုန် မြန်ဆန်လာပြန် သည်။ ဒီလို အစွမ်းထက်လွန်းသူတို့၏ တိုက်ပွဲကို ကြုံကြိုက် တွေ့မြင်ဖို့က အလွယ်တကူရသည့် အရာတစ်ခု မဟုတ်ပေ။ 

ထို့နောက် ရှောင်ယွင်က ရေတံခွန်ဘက် နေရာဆီကို တိတ်တဆိတ် ပြန်ထွက်လာခဲ့သည်။ ထို့နောက် သူ့၏ ဆေးမီးအိုးတွေနှင့် တခြားသော ပစ္စည်းများကို ပြန်လည် သိမ်းဆည်းယူလိုက်သည်။ အားလုံးပြီးစီး၍ ဂူဘက်သို့ ပြန်လှည့်ထွက်တော့မည်အချိန်တွင် သူ့ခြေလှမ်းများ ရုတ်ချည်း ရပ်တန့်သွားသည်။   တဖန် သူ့မျက်ဝန်းက ပြုးကျယ်သွားချေသည်။

ရေတံခွန်ကနေ စီးဆင်းလာသည့် ရေစီးကို မျက်တောင်ပင် မခတ်ဘဲ ငေးစိုက် ကြည့်နေမိသည်။ ထိုရေစီးတွင် ရိုးရှင်းစွာ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး မျောပါလာသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။ သူမ၏ မျက်ဝန်းက မှိတ်လျက်သား ရှိနေခြင်းနှင့် ဖြူဖျော့နေသည့် မျက်နှာအသွေးအရောင်ကြောင့် သူမသည် ပြင်းထန်စွာ ဒဏ်ရာ ရရှိထားမှန်း သိသာသည်။  

" ဂလု.. "

ရေစီးတွင် မျောပါလာသည့် အမျိုးသမီးကို မှတ်မိသွားသည့်အခါ တွင် ရှောင်ယွင်မှာ တံတွေးကို အသံမြည်အောင်ပင် မျိုချမိလေ သည်။ ထိုအမျိုးသမီးကား နီလာခရမ်းတောင်ပံခြင်္သေ့ကြီးနှင့် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့သည့် စွမ်းအားမြင့် ဒိုဝှမ်းအဆင့်ရှင် မဟုတ်လား။   သူမ၏ ပုံသဏ္ဍာန်အရ သူမသည် သတိမေ့လျော့နေဟန် ရှိသည်။

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းWhere stories live. Discover now