Happy New Year===============
အပိုင်း ( ၉၀ ) – အားလုံးကို ပြင်ဆင်ခြင်း
ပြတင်းပေါက်အနားတွင် တစ္ဆေတစ်ကောင်လား ရုတ်တရက် ရောက်ချလာသော မိန်းမပျိုလေးအား ငေးကြည့်ရင်း ရှောင်ယွင် အသံတိတ် ရေရွတ်လိုက်မိသည်။
" ရှင်းအာက ဒီကို ဘာလာလုပ်တာလဲ.."
" ဟီဟီ.. ကြည့်ရတာ.. သူလည်း မင်းလိုပဲ နေမှာပေါ့.. "
ရွဲ့လော်က ပြုံးပြီး ဖြေလိုက်သည်။
ရှောင်ယွင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် အမှောင်ကွယ်ထဲတွင် တစ်ကိုယ်လုံး ပုန်းနေလိုက်ပြီးနောက် ချက်ချင်းပဲ ရွဲ့လော်အား စိတ်ထဲကနေ မေးလိုက်သည်။
" ရှင်းအားရဲ့ စွမ်းအားက ဘာလို အရမ်းထက်မြက်နေရတာလဲ.. သူဝင်လာတဲ့ အမြန်နှုန်းကလည်း ဒဒိုရှီတစ်ယောက်ရဲ့ အမြန်နှုန်း နဲ့တောင် ယှဉ်လို့ရနေတယ်.. "
" သူရဲ့ တကယ့်စွမ်းအားက မင်း အမြဲလိုလို မြင်နေရတာပဲ..ဒါပေမဲ့ သူမက အချိန်တိုအတွင်း ခွန်းအားကို ယာယီတိုးပေးတဲ့ လျှို့ဝှက် သိုင်းတစ်ခုကို သုံးလိုက်တာကတော့ သေချာတယ်.. ဒါပေမဲ့ ကောင်မလေးရဲ့ နောက်ခံအင်အားကို ကြည့်လိုက်ရင် ဒီလို လျှို့ဝှက်သိုင်းကျမ်းကို ပိုင်ဆိုင်ထားတယ်ဆိုတာကလည်း အံ့သြ စရာတော့ မဟုတ်ပါဘူး.."
ရွဲ့လော်က အေးဆေးစွာ ဖြေလိုက်သည်။
ဒီစကားကို ကြားလိုက်ရသည့်အခါ ရှောင်ယွင် အနည်းငယ်တော့ အံ့အားသင့်သွားသည်။ အံ့သြစွာဖြင့်လည်း မချိတင်ကဲ ရယ်လိုက် မိသည်။ ရှင်းအား၏ ထူးခြားကြီးကျယ်သော နောက်ခံအင်အား ကို တွေးလိုက်မိရင်း စိတ်ပျက်စွာဖြင့် အသက်ပြင်းချလိုက်သည်။ ထို့နောက် တွေးတောခြင်းအား ရပ်ချလိုက်ပြီးနောက် ကန့်လန့်ကာ ပါးအား ကျော်လွန်၍ အထဲသို့ ချောင်းကြည့်လိုက်သည်။
အခန်းတွင်းတွင် ရှင်းအာက တစ္ဆေတစ်ကောင်လို ရုတ်တရက် ထွက်ပေါ်လာခဲ့ပေမဲ့ လျိုစီးက သတိမပြုလိုက်မိသေးချေ။ သူ့တစ်ကိုယ်လုံးက ရမ္မက်ဆန္ဒတွေသာ ပြည့်လွှမ်းလို့ နေသည်။ အိပ်ရာပေါ်မှာ အိပ်ပျော်နေသော မိန်းမလှလေးကိုသာ စူးစိုက် ကြည့်ရင်း သူ့ အဝတ်အစားအား ကမန်းကတန်း ဆွဲချွတ်လိုက် နေသည်။

YOU ARE READING
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Avventuraကုန်းမြေဒေသတခု မှော်ပညာတွေလည်း မရှိပါဘူး.. အင်အားကြီးသူသာ အုပ်ချုပ်ရပြီး အင်အားငယ်သူတွေလိုက်နာရ၏။ ရတနာအမျိုးမျိုးနှင့် ဆွဲဆောင်မှုရှိတဲ့ မိန်းမလှလေးများ ပြည့်နှက်နေတဲ့ ကုန်းမြေ.. ကြိုမသိနိုင်တဲ့ အန္တရယ်အထွေ အထွေ.. .. လွန်ခဲ့သော သုံးနှစ် ရှောင်ယွင် ရာ...