Chapter ( 79 )

1.3K 333 47
                                    

အပိုင်း ( ၇၉ ) - ရှောင်ကလန်၏ တန်ပြန်တိုက်စစ်

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
Translated by Kaung Myat

ရှောင်ယွင်၏ လှျှို့ဝှက်အကူအညီဟုလည်း ဆိုနိုင်သော အနာကျက်ဆေးပုလင်းမြောက်များစွာကို တိုးတိုတ်စွာ ရရှိထား ပြီးဖြစ်သည့်အပြင် ရှောင်ကလန်သည် ဆေးပုလင်းသတင်းအား လုံးဝ အပြင်ကို မပေါက်ကြားစေဘဲ လျှို့ဝှက်ထားကြသည်။ ဂျားလီကလန်အား တန်ပြန်တိုက်စစ်ဆင်ရန်အတွက် ပြင်ဆင်စရာရှိ သည်များကို လျှို့ဝှက်စွာဖြင့် စတင်လုပ်ဆောင်ထားကြသည်။

အစည်းအဝေးခန်းမအတွင်း ဖြစ်ပျက်သွားခဲ့သည့် ကိစ္စအား လျှို့ဝှက်ချက်တစ်ခုအဖြစ်  ထိန်းသိမ်းထားကြဖို့ကိုလည်း ရှောင်ကျန်း နှင့် အကြီးအကဲသုံးယောက်က အမိန့်ပေးထားသည်။ အထူးသဖြင့် အနာကျက်ဆေးနှင့် ပတ်သတ်သည့် အရာအားလုံးကို ပြင်ပလူတစ်ယောက်ယောက်ကိုအား လုံးဝကို  ပြောပြမိခြင်း မပြုရပါဘူး။ ပြောခဲ့မိ၍ သတင်းပေါက်ကြားသွားခဲ့လျှင် ထိုလူကိုယ်တိုင်အား မျိုးနွယ်စည်းမျဉ်းနှင့်အညီ အပြစ်ဒဏ် စီရင်ခြင်းခံရမည်။

ရှောင်ကလန်က တိတ်ဆိတ်ငြိမ်ဝပ်နေလေ ဂျားလီကလန်၏ အပြုအမူတွေက ပိုပိုပြီး မောက်မာလာခဲ့သည်။ ရှိသမျှနည်းလမ်း ပေါင်းစုံတွေအား အသုံပြုကာ ရှောင်မျိုးနွယ်၏ ဖောက်သည်မျာကို ပင် သိမ်းသွင်းဖြားယောင်းကြလေသည်။ သို့ပေမဲ့ ရှောင်ကလန်က တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။

ရှောင်ကလန်က လှုပ်ရှားမှုမရှိဘဲ ထိုင်ကြည့်နေသည်ကို မြင်သည့် အခါ တချို့သော စီးပွားရေးမိတ်ဖက်ငယ် တို့သည် စိတ်ပျက်လာကြ ကာ သူတို့ကိုယ်သူတို့ စီးပွားရေး ကာထေမိရန်အတွက် တိတ်တဆိတ်စွာ အကွက်တွေ ရွှေ့လာကြတော့သည်။

အနေအထားမှာ ပုံမှန်ထက် အနည်းငယ်ထူးဆန်းနေသည်ဟုဆိုရ မည်။ နောက်ထပ် နေ့ရက်နှစ်ရက်သည် တိတ်ဆိတ်စွာဖြင့် ကုန်လွန် သွားပြန်သည်။

နောက်နေ့မနက်တွင် နေရောင်များ ထွန်းလင်းတောက်ပနေကာ နေသာသော နေ့တစ်နေ့ဟုပင် ဆိုနိုင်သည်။ ဂျားလီကလန်၏ ဈေးဆိုင်နေရာများတွင် ထုံးစံအတိုင်းပင် ပူပူအိုက်အိုက်ဖြင့် ဈေးဝယ်သမားများ ပြည့်နှက်နေလျက်ရှိသည်။ ဈေးလမ်းမကြီးတွင် လူများ တိုးဝှေ့နေကြပုံမှာ ရေစီးဆင်းနေသည့်အလား ထင်မှတ်ရ တော့သည်။ နွေဦးပြန်လာခြင်းဆေးကို ရောင်းသည့်ဈေးတန်းတွင်မူ လူတွေမှာ ပို၍ပင် များပြားကြပ်သိပ်နေလျက်ရှိသည်။ အော်ဟစ်သံ၊ အော်ငေါက်သံများ လုံးထွေးသတ်ပုတ်သံများပင် တစ်နေရာထဲတွင် ပဲ စုဝေးထွက်ပေါ်နေသကဲ့သို့ ရှိ၏။ နားကွဲလုမတတ် ဆူညံသံများ သည် အထက်ဘဝဂ်တိုင်အောင် ထိုးဖောက်ပျံ့နေသည်အလား ရှိနေသည်။

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းWhere stories live. Discover now