ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through the Heavens
By Heavenly Silkworm Potao
《 chapter -57 》 ကြော်ငြာခြင်း
သူ၏ အေးစက်စက်အကြည့်တွေနှင့် စိုက်ကြည့်လိုက်ပြီ
ရှောင်ယွင် မည်သည့်လှုပ်ရှားမှုမှ မလုပ်သေးဘဲ
လက်ဆယ်ချောင်းစလုံးကို ကွေးညတ်ထားလိုက်သည်။
သူ့ရဲ့လက်ဝါးပြင် နှစ်ဖက်စလုံးမှာ ထူးခြားသော
တွန်းကန်အားနှင့် ဆွဲငင်အားတို့ ဖြစ်ပေါ်လာသည်။
လက်ဝါးပြင်မှာ အသက်ဝင်လှုပ်ရှားနေပြီ
အသက်ရှုနေသည်ဟု ထင်ရသည်။
လေဟာနယ်လက်ဝါးသိုင်းနှင့် မီးလက်ဝါးသိုင်းကို
တစ်နှစ်ကျော်မျှ လေ့ကျင့်ထားပြီ၍
အပြည့်စုံဆုံးအဆင့်သို့ မရောက်သည့်တိုင်အောင်
ဤသိုင်းနှစ်ခုကို ကူးပြောင်း အသုံးပြုရတာ
ပိုပြီညင်သာချောမွေ့လာသည်ဆိုတာကို ရဲရဲဝံ့ဝံ့
ပြောနိုင်ပြီဟု ဆိုရမည်။ အကယ်၍
တစ်စုံတစ်ယောက်နှင့် ရှောင်ယွင်
သိုင်းယှဉ်ပြိုင်ရမည်ဆိုလျှင် ဒိုသိုင်းနှစ်မျိုးကို
တစ်ပြိုင်နက်တည်းလိုလိုမှာပင်ထုတ်သုံးပြီ ရန်သူကို
နာကျင်သွားစေမှာ သေချာသည်။
သူ့ဘေးနားတွင် ရှင်းအာကမူ ဂျားလီယောင်ကို
တချက်မျှသာ ကြည့်လိုက်ပြီ အပြုံးလေးတစ်ခုက
သူမနှုတ်ခမ်းမှာ ဆွဲခိုသွားသည်။
" အကိုရှောင်ယွင်.. အဲ့ဒီလူက အရင်ကထက်
စွမ်းအားပိုကြီးလာသလိုပဲ.."
ရှောင်ယွင် ခေါင်းတဆတ်ဆတ်ညိတ်ပြီ ထောက်ခံလိုက်
သည်။ အေးစက်သောလေသံဖြင့်
" ပြီးခဲ့တဲ့ လေလံပွဲက သူ့အဖေက
လေဓာတ်ဗဟိုပြုအဆင့်မြင့် ရွှင်းအဆင့်
ဒိုချီကျင့်စဉ်တစ်ခုကို လေလံအောင်သွားခဲ့တယ်. အခု
တစ်နှစ်တောင်ကြာခဲ့ပြီ..ဂျားလီယောင်က
လေစွမ်းအင်သမားဆိုတော့ တစ်နှစ်ဆိုတဲ့အချိန်က သူ့ရဲ့
ဒိုချီကျင့်စဉ်အဟောင်းနဲ့ ဒိုချီကျင့်စဉ်အသစ်ကို
ပြောင်းကျင့်ဖို့အတွက် လုံလောက်မှာပဲ. အဲဒါကြောင့်
အရင်ကထက် သူက ပိုပြီးစွမ်းအားကြီးနေတာပဲ.."
" ဟီဟီ.. အဲဒါကြောင့် သူ့ပုံကြည့်ရတာ ဘ၀င်မြင့်နေတဲ့ပုံ
ပေါက်နေပါတယ်လို့... အဆင့်မြင့် ရွှင်းအဆင့်လောက်
ရှိတဲ့ ဒိုချီကျင့်စဉ်က အင်မတန်ရှားတယ်လို့
ထင်နေတာလား မသိဘူး .." ရှင်းအားလေးမှာ
ပြုံးရယ်ရင်း မှတ်ချက်စကားဆိုလိုက်သည်။ သူမ၏
ဖန်သားလေးလို ကြည်လင်သည့် မျက်ဝန်းအတွင်း
မှာတော့ ရွှေရောင်အလင်း ဖျဖျလေး ဖျတ်ခနဲ
ဖြတ်ပြေးသွားသည်။
YOU ARE READING
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Aventureကုန်းမြေဒေသတခု မှော်ပညာတွေလည်း မရှိပါဘူး.. အင်အားကြီးသူသာ အုပ်ချုပ်ရပြီး အင်အားငယ်သူတွေလိုက်နာရ၏။ ရတနာအမျိုးမျိုးနှင့် ဆွဲဆောင်မှုရှိတဲ့ မိန်းမလှလေးများ ပြည့်နှက်နေတဲ့ ကုန်းမြေ.. ကြိုမသိနိုင်တဲ့ အန္တရယ်အထွေ အထွေ.. .. လွန်ခဲ့သော သုံးနှစ် ရှောင်ယွင် ရာ...
