Chapter 36 ရယ်ချင်ဖွယ် အဆင့်တက်လှမ်းခြင်း

1.6K 286 4
                                    

36 ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
——————————————
Chapter 36. ရယ်ချင်ဖွယ် အဆင့်တက်လှမ်းခြင်း

လှပကြော့ရှင်းပြီး ချောမောလှတဲ့ ရှင်းအာက ဒီလို
မိန်းကလေးဆန်တဲ့ စကားကို ပြောလိုက်တယ်ဆိုတာ
ယုံကြည့်ဖို့ ခက်လှသည်။ သူမ၏ ဆွဲဆောင်မှုကြောင့်
ရှောင်ယွင် စိတ်က ယိုင်နဲ့နဲ့ ဖြစ်သွားလေ၏။

သူ့ကိုယ်သူ တိတ်တဆိတ် အပြစ်တင်လိုက်ရင်း
သဲသဲကွဲကွဲမကြားရသော လေသံဖြင့် ပြန်ဖြေလိုက်၏။
ပြီးသည်နှင့် ရှင်းအာ၏ ပြုံးနေသော အကြည့်အောက်တင်
ထွက်ပြေးသွား၏။

ရှောင်ယွင် ထွက်ပြေးသွားတာကိုကြည့်ရင်း သူမ ပါးစပ်
ကလေးကို လက်ဖြင့်အုပ်ကာ ရယ်မောလိုက်ချေ၏။
ထို့နောက် မျက်ခုံးလေး တွန့်ထားပြီး မနီးမဝေးက
ရေကန်ဆီကို လျှောက်သွားသည်။

ရေကန်၏ ရောင်ပြန်ဟပ်မှုကြောင့် လှပတဲ့မျက်နှာနှင့်
တောက်ပတဲ့မျက်လုံးနဲ့ သွားဖြူလေးတွေက ကန်ရေ
ပြင်မှာ ထင်ဟပ်နေသည်။ သူမ၏ အမူအရာတိုင်းမှာ
ထူးထူးခြားခြား ကျက်သရေရှိခြင်းဟာ လွှမ်းမိုးထားသည်။

" အရမ်း သာယာတာပဲ.. "
ကိုယ်ကို တပတ် ချာလည်လှည့်လိုက်ပြီ ကျေနပ်နှစ်သက်
တဲ့ အပြုံးလေးတွေ သူမနှုတ်ခမ်းမှာ ဖြစ်ပေါ်လာသည်။

ထိုအခိုက် မနီးမဝေး နေရာတွင် စွန့်စားခရီးထွက်ပြီး
နောက် မျိုးနွယ်ဆီကို ပြန်လာခဲ့သည့် ငယ်ရွယ်သည့်
ယောင်္ကျားလေးနှစ်ယောက်ဟာ ခြေလှမ်းရပ်ပြီး ပါးစပ်
ကြီး ဟလျက်.. မိုးမခပင်အောက်က မိန်းကလေးကို
အံ့အားသင့်စွာ ငေးကြောင်ကြည့်နေသည်။
သူတို့၏ မျက်လုံးမှာ အံ့သြနေတာတွေနဲ့ .....

............

အခန်းဆီကို ကမန်းကတန်းပြန်ပြေးလာ၍ အခန်းတံခါးပိတ်
လိုက်ပြီ ရှောင်ယွင် အသက်ပြင်းချလိုက်လေသည်။
နဖူးပြင်ပေါ်က ချွေးစေးတွေကို သုတ်လိုက်ပြီ ခါးသက်စွာ
ပြုံးလိုက်သည်။
" ဒီကောင်မလေး..နောက်ဆိုရင် လေလံအိမ်က ရဖေး
ထက်အောင် ပိုလှလာမယ်.. "

ထိုင်ခုံတစ်ခုပေါ် ထိုင်လိုက်ပြီး ရေနွေးကို ပါးစပ်အပြည့် ဂွပ်
ခနဲ သောက်လိုက်သည်။ စိတ်ထဲမှာလည်း ရှင်းအာကိုပဲ
စွဲနေသည်။ ရှင်းအာ၏ လှပတဲ့ မျက်ဝန်းကို ပြန်မြင်ယောင်
မိတော့ သူ့နှလုံးသားထဲ လောင်မြိုက်နေတာကို ရုတ်တ
ရက် ခံစားလိုက်ရ၏။

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းWhere stories live. Discover now