အပိုင်း ( 70 )
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavensရှောင်ယွင်သည် ရှင်းအာကို နှုတ်ဆက်လမ်းခွဲထွက်လာခဲ့ပြီးနောက် ကလန်ကနေ တိတ်တခိုးလေး ပြန်ထွက်လာခဲ့သည်။ ခြေလှမ်းရပ်ပြီး လျင်မြန်စွာ စဉ်းစားလိုက်ပြီးနောက် ဂျားလီကလန်ပိုင်ဆိုင်သည့် အနီးဆုံးဈေးနေရာကို သွားဖို့ ဆုံးဖြတ်လိုက်သည်။
ကလန်အကြီးအကဲတွေ ရင်ဆိုင်နေရသည့် ပြဿနာတွေကို ကူညီပေးဖို့ သူ စိတ်မ၀င်စားပေမဲ့ သူ့အဖေကိုတော့ တတ်နိုင်သလောက်တော့ ကူညီချင်သည်။ အကူအညီပေးနိုင်ဖို့အတွက် သူ ပထမဆုံးစဉ်းစားလိုက်သည့်အရာက ဂျားလီဈေးကို သွားလေ့လာရန်ဖြစ်သည်။
ဂျားလီကလန် ပိုင်ဆိုင်ထားသည့် ဈေးငယ်မှာ အစွန်းအဖျားကျပြီး လူအနည်းငယ်လောက်သာ စည်းကားတတ်သည့် နေရာသာ ဖြစ်သည်။ ဒါပေမဲ့ ရှောင်ယွင် ဈေးထဲကို လျှောက်ဝင်သွားသည့် အချိန်မှာတော့ ဈေးလမ်းမှာ လူများ ပြည့်ကျပ်နေလျက်ရှိပြီး ဆူညံအော်ဟစ်သံများ နားမခံအောင် ဆူညံလို့နေသည်။
လမ်းမကျယ်တွင် လူများ တွန်းတွန်းတိုက်တိုက်ဖြင့် တိုးဝှေ့နေကြသည်။ တချို့ ဗလတောင့်တောင့်နှင့် လူတွေကျတော့ အော်ဟစ်ပြီးတော့ လူအုပ်ကြားထဲကို အတင်းပင် လမ်းဖယ်ခိုင်းပြီး တိုးဝင်နေကြပြန်သည်။ ထိုလူကြီးတွေထံမှ သွေးစိမ်းနံ့ ခပ်ပြင်းပြင်းလေး ရနေ၍ သူတို့သည် သေချာပေါက် ကြေးစားအမဲလိုက်မုဆိုးများ ဖြစ်ကြမည်။ အသက်အန္တရာယ်နှင့် အမြဲတစေ ကြုံတွေ့နေကြသူမို့ သူတို့သည် အသက်ကယ်ဆေးများကို အရမ်းသဘောကျကြသည်။ အန္တရာယ်ကြီးမားသော နယ်မြေတွင် သူတို့၏ ရဲဘော်တွေ၏ အသက်ဘေးအတွက် အနာကျတ်ဆေးဆိုသည်မှာ အမှန်ကန်ဆုံး ရွေးချယ်မှုတစ်ခုဖြစ်သည်။
ဈေးအ၀င်ပေါက်နေရာတွင် မတ်တပ်ရပ်နေရင်း ရှောင်ယွင်သည် အချို့သော အမဲလိုက်သူများ သစ်သေတ္တာငယ်များကို ပိုက်ပြီး လူအုပ်ကြားထဲကနေ မြူးတူးစွာ တိုးထွက်လာသည်ကို တွေ့လိုက်ရသည်။
" အင်း အဲ့ဒီ သေတ္တာတွေက နွေဦးပြန်လာခြင်း ဆေးကို ထည့်ထားတာဖြစ်ရမယ်.. "
YOU ARE READING
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Adventureကုန်းမြေဒေသတခု မှော်ပညာတွေလည်း မရှိပါဘူး.. အင်အားကြီးသူသာ အုပ်ချုပ်ရပြီး အင်အားငယ်သူတွေလိုက်နာရ၏။ ရတနာအမျိုးမျိုးနှင့် ဆွဲဆောင်မှုရှိတဲ့ မိန်းမလှလေးများ ပြည့်နှက်နေတဲ့ ကုန်းမြေ.. ကြိုမသိနိုင်တဲ့ အန္တရယ်အထွေ အထွေ.. .. လွန်ခဲ့သော သုံးနှစ် ရှောင်ယွင် ရာ...