Chapter 96

1.4K 224 12
                                    

       

အပိုင်း ( ၉၆ ) - ကတိကဝတ်

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း

Battle Through The Heavens

ဝူတန်မြို့၏ မိသားစုနှစ်စုကြား စီးပွားရေးတိုက်ပွဲတွင် ရှောင်ကလန် သည် အနိုင်ဖြင့် ပွဲသိမ်းသွားခဲ့သည်။ ရှုံးနိမ့်သူ ဂျားလီကလန်အနေဖြင့် သူတို့၏ ဂုဏ်သတင်းမှာ ကျဆင်းသွားခဲ့သည်။ အရင်တစ်ချိန်က ရွှေရောင်တောက်ပခဲ့သော အချိန်ကို သူတို့ ဘယ်အခါမှ ပြန်ရတော့မှာ မဟုတ်တော့ချေ။

မျိုးနွယ်နှစ်ခုကြား စီးပွားရေးတိုက်ပွဲအကြောင်းမှ ဝူတန်မြို့တွင် ရက်သတ္တပတ်အတွင်း လူပြောအများဆုံး အကြောင်းအရာတစ်ခု ဖြစ်ခဲ့ သည်။ လူဆိုသည်မှာ အသစ်အဆန်းကို နှစ်သက်ပြီး အဟောင်းအား ငြီးငွေ့လွယ်သည့် အမျိုးဖြစ်လေရာ သူတို၏ စိတ်ဝင်စားမှုသည် နောက်ထပ် အကြောင်းအရာအသစ်တစ်ခုသို့ ရွှေ့သွားခဲ့ကြသည်။ ယင်းအကြောင်းအရာမှာ ဂျားနန်အကယ်ဒမီကျောင်းဝင်ခွင့်နှင့် ပတ်သတ်သည့်အကြောင်း ဖြစ်လေသည်။

ဒိုချီကုန်းမြေတွင် သင်ကြားရေးအား အလွန်စိတ်ဝင်စားကြသည့် အလေ့အထရှိသည်ဖြစ်ရာ ဂျားနန်အကယ်ဒမီကျောင်းသည် ဆယ်ကျော်သက်အရွယ် လူငယ်အားလုံး၏ နှလုံးသားထဲတွင် မွန်မြတ်သောနေရာတစ်ခုအဖြစ် သတ်မှတ်ထားကြသည်။ တကယ်၍ သူတို့သည် ထိုကျောင်းတော်မှ ပညာသင်ကြားပြီးပါက သူတို့၏ ဘဝခရီးလမ်းသည် ဖြောင်ဖြူးသွားကြမည်။ အိမ်ကို ဂုဏ်ယူဝင့်ကြွားစွာ ပြန်လာနိုင်ရုံသာမက သူတို့ကို တခြားဂိုဏ်းအဖွဲ့အစည်းမျာက စိတ်အားထက်သန်စွာ သိမ်းသွင်းပေကြဦးမည်။

ဂျားနန်အကယ်ဒမီကျောင်းသည် ဂျားမာအင်ပါယာနှင့် တခြား အင်ပါယာကြီးနှစ်ခုတို့ နယ်နိမိတ်ထိစပ်သည့်နေရာဝန်းကျင်တွင် တည်ရှိသည်။ မည်သည့်အာဏာစက်မှ မသက်ရောက်သော ထိုနေရာတွင် ဂျားနန်ကျောင်းတော်မှာ သီးခြားတိုင်းပြည်ငယ်တစ်ခု ကဲ့သို့ ရပ်တည်နေသည်။ ပုံမှန်အတိုင်းတွေးကြည့်မယ်ဆိုလျှင် အန္တရာယ်ရှိနိုင်သည့် အင်အားစုတစ်စုကဲ့သို့ ဖြစ်နေခြင်းကြောင့် အင်ပါယာ သုံးစုကလည်း လျစ်လျူရှုမှာ မဟုတ်ချေ။ တစ်နေ့ကျရင် ထိုအင်အားစုအား ရန်သူဘက်က သိမ်းပိုက်နိုင်သည်မို့ အင်ပါယာသုံးခုစလုံးက သူတို့၏ နယ်နိမိတ်လုံခြုံရေးအတွက် အန္တရာယ်ကြီးတစ်ခုလို ရှုမြင်ထားကြသည်။

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းWhere stories live. Discover now