ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Throgh The Heavens
အပိုင်း ၁၂၈
===============================
အင်မတန်ကို တည်ငြိမ်လွန်းလှသည့် ရှောင်ယွင်ကို စိုက်ကြည့်ရင်း မုရှီမှာ မျက်ခုံးတွန့်သွားပြီး ဓားမောက်ရှည်ကို တင်းတင်းဆုပ်ထား လိုက်သည်။ သူက အေးစက်စွာဖြင့် လှောင်လိုက်သည်။
“ မင်းက အတောင်ပေါက်ပြီး ပျံနိုင်မယ်လို့ ငါမထင်ပါဘူးကွာ.. ”
မုရှီက ခြေလှမ်းကျဲကျဲဖြင့် အရှေ့တိုးလိုက်ပြီ ရှောင်ယွင်အနား နီး ကပ်လာသည့်အခါတွင် ခြေထောက်က မြေကြီးကို ဆောင့်ကန် လိုက်ရာ ချက်ချင်း အရှ့သို့ တိုးထွက်သွားသည်။ လက်ထဲက ဓား မောက်ရှည်ကလည်း ရှောင်ယွင်ကို ပြင်းထန်စွာ ပိုင်းထည့်လိုက် သည်။
လေကို ခွင်း၍ ဝင်လာသော ထက်ရှသည့် လေဖိအားကို ခံစားလိုက် ရသည့်အခါ ရှောင်ယွင်မှာ မျက်နှာ တည်ငြိမ်သွားသည်။ ဒိုကျဲ အဆင့်နှင့် ဒိုရှိအဆင့် တို့မှာ ပုံမှန်အားဖြင့် အရမ်းကို ကွာခြားလွန်း သည်။ သူ့၏ ယခုလက်ရှိခွန်းအားနှင့်ဆိုလျှင် မုရှီ၏ တိုက်ကွက် ၁၀ ကွက်ကိုပင် ခုခံနိုင်ဖို့ မလွယ်ကြောပင်။
ရှောင်ယွင်မှာ သူ့၏ ကောင်းမွန်လှသော ရှောင်ရှားနည်းကို အသုံးချ လိုက်သည်။ ခန္ဓာကိုယ်ကို အနည်းငယ် တိမ်းစောင်းလိုက်ကာ အနောက်သို့ ကမန်းကတန်း ပြန်ဆုတ်၍ မုရှီ၏ ခုတ်ချက်ကို ရှောင် လိုက်သည်။ ရှောင်ယွင်ခြေထောက်တွေက လှုပ်ရှားသွားပြန်သည်။ မုရှီ၏ ဘေးဘက်သို့ ထူးခြားစွာ ရောက်ရှိသွားသည်။ ထိုအခါ ခန္ဓာ ကိုယ်ထဲက ဒိုချီစွမ်းအင်များက ညာလက်ဖြင့် ကိုင်စွဲထားသော ကြီး မားလေးလံ ရွှင်းပေတံဆီ စီးဆင်းသွားကြပြီ မုရှီ၏ ဦးခေါင်းဆီသို့ ရက်စက်ပြင်းထန်စွာ ရိုက်ချလိုက်သည်။
သို့သော် ရှောင်ယွင်၏ ကြောက်စရာကောင်းသော အင်အားက မုရှီ အား ထိတ်ထိတ်ပျာပျာ မဖြစ်သွားစေခဲ့ပါ။ ထို့အစား လက်ထဲက ဓားမောက်ရှည်ကိုသာ ပင့်မြှောက်ပြီ့ ဦးခေါင်းထက်သို့ အားဖြင့် ပင့် လွှဲရိုက်လိုက်သည်။
“ ခလွမ်းးး ”
အနက်ရောင်ပေတံကြီးနှင့် ဓားမောက်ရှည် ထိလိုက်သည့်ခဏ မီး ပွားများ လွင့်စင်ထွက်လာသည်။ ကြည်လင်လှသော သတ္တုအချင်း ချင်း ထိခတ်အသံက ချောက်ထဲသို့ပင် ပဲ့တင်ထပ်သွားသည်။
ပထမအကြိမ် တိုက်ကွယ် ဖလှယ်ပြီးကတည်းက ဒိုရှိတစ်ယောက် ပိုင်ဆိုင်သည့် ဒိုချီစွမ်းအင်ကို ရှောင်ယွင် သဘောပေါက်ထားပြီး ဖြစ် သည်။ ကြီးမားလေးလံရွှင်းပေတံဆီ ပို့လွှတ်လိုက်သော အားမှ ပြန် ကန်ထွက်မှုကြောင့် ရှောင်ယွင် ခြေလှမ်း နှစ်လှမ်း ဆုတ်လိုက်ရ၏။ ရှောင်ယွင်နှင့် ယှဉ်လျှင် မုရှီမှာ ပိုပြီး ခံသာနေသည်။ အနောက်သို့ ခြေလှမ်းဝက်ပဲ ဆုတ်လိုက်ရပြီ အေးဆေးစွာ ဆက်လှုပ်ရှားနိုင်လိုက် သည်။
YOU ARE READING
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Aventuraကုန်းမြေဒေသတခု မှော်ပညာတွေလည်း မရှိပါဘူး.. အင်အားကြီးသူသာ အုပ်ချုပ်ရပြီး အင်အားငယ်သူတွေလိုက်နာရ၏။ ရတနာအမျိုးမျိုးနှင့် ဆွဲဆောင်မှုရှိတဲ့ မိန်းမလှလေးများ ပြည့်နှက်နေတဲ့ ကုန်းမြေ.. ကြိုမသိနိုင်တဲ့ အန္တရယ်အထွေ အထွေ.. .. လွန်ခဲ့သော သုံးနှစ် ရှောင်ယွင် ရာ...
