ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
အပိုင်း ၁၃၃=================================
တောင်ငယ်တစ်လုံး၏ ထိပ်ဖျားပေါ်တွင် ရှောင်ယွင်သည် ဝမ်းလျားမှောက်၍ ပတ်ဝန်းကျင်အနေအထားကို အကဲခတ်ကြည့်နေသည်။ နီလာခရမ်းတောင်ပံခြင်္သေ့ကြီး၏ စနက်ကြောင့် မှော်သားရဲကောင် တောင်တန်းအတွင်းမှ မှော်သားရဲကောင်တို့သည် ပုံမှန်ထက် လှုပ်ရှားသွားလာနေကြသည်။ ရှောင်ယွင်တို့ ကံကောင်းသွားသည်တစ်ခုမှာ ရွဲ့လော်၏ ဆေးမှုန့်တွေ၏ အစွမ်းထက်မှုပင်။ ၎င်းမှော်သားရဲကောင်တို့သည် ရှေုာင်ယွင်တို့ ရှိနေသည့် ဧရိယာအတွင်းသို့ ဝင်ခဲ့မိကြသည် ရှိသော်လည်း ဆေးမှုန့်အနံ့ကို ရသည့်နှင့် တစ်ပြိုင်တည်း တစ်ချိုးတည်း အနောက်လှည့် ပြေးကြလေသည်။ ထို့ကြောင့် အချိန်ကာလ နှစ်ရက်တာ ရှိပြီးဖြစ်သော်လည်း မှော်သားရဲကောင်တို့သည် ရှောင်ယွင်နှင့် ရွဲ့လော်တို့အား မတွေ့ကြသေးချေ။" ဟေ့.. မင်းဘေးနားမှာ ဟိုမိန်းမရှိနေရင် မင်းတော့ ဒုက္ခရောက်နေတော့မှာပဲ... ဒီအတိုင်းပဲ ဆက်သွားတော့မှာလား.. "
ရွဲ့လော်သည် လက်စွပ်ကနေ ထွက်လာပြီးနောက် ရှောင်ယွင်ကို ပြုံးကြည့်ပြီး မေးလိုက်သည်။
" ဟဲဟဲ.. သူက ဒိုဝှမ်းအဆင့်ကျင့်ကြံသူလေ.. ဒါက သူ့ဆီမှာ ကျေးဇူးအတင်ခံရဖို့ အခွင့်အရေးပဲ.. ဒါက ရေရှည်ရင်းနှီးမြုပ်နှံမှုပဲလေ.. ဒီလို အန္တရာယ်သေးသေးလေးနဲ့စာရင် ဘာအရေးလဲ.. "
ရှောင်ယွင်သည် သူသွားရာလမ်းက သစ်ကိုင်းကို ဖယ်ရှားနေရင် ပြန်ဆိုလိုက်ချေသည်။
" သူ ဒုက္ခဖြစ်နေတဲ့အချိန်မှာ မင်းက အမြတ်ထုတ်မယ်ပေါ့.. ဟား ဟား... ဒီပုံစံအတိုင်းတွက်မယ်ဆိုရင် မင်းက သူ့ရဲ့ ကိုယ်ရံတော် အစောင့်အရှောက် ဖြစ်သွားလိမ့်မယ်.. ပြီးရင် ဂျားမာအင်ပါယာမှာ မင်းလုပ်ချင်တာကို လုပ်ခွင့်ပေးလိမ့်မယ်ပေါ့..ဟုတ်လား "
ရွဲ့လော်က ရယ်သံဆိုးဖြင့် ရယ်မောလိုက်ရင်း စနောက်ဆိုလိုက်သည်။
ထိုအခါ ရှောင်ယွင်က စိတ်ပျက်ဟန်ဖြင့် ရေရွတ်ပြောလိုက်သည်။
YOU ARE READING
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Adventureကုန်းမြေဒေသတခု မှော်ပညာတွေလည်း မရှိပါဘူး.. အင်အားကြီးသူသာ အုပ်ချုပ်ရပြီး အင်အားငယ်သူတွေလိုက်နာရ၏။ ရတနာအမျိုးမျိုးနှင့် ဆွဲဆောင်မှုရှိတဲ့ မိန်းမလှလေးများ ပြည့်နှက်နေတဲ့ ကုန်းမြေ.. ကြိုမသိနိုင်တဲ့ အန္တရယ်အထွေ အထွေ.. .. လွန်ခဲ့သော သုံးနှစ် ရှောင်ယွင် ရာ...