အပိုင်း ၁၁၀
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavensတကယ်တမ်းတော့ သွေးကြာအဆီအနှစ်မှာ အရမ်းကို ရှားပါးလွန်းသည့် အဆင့်မြင့်ဆေးအမယ်တစ်မျိုးပါ။ ထိုအမျိုးအစားအဆီအနှစ်တွေက အဝါရောင်ကြာ အဆီအနှစ်နှင့် အမြဲယှဉ်တွဲလျက် ရှိတတ်သည်။ ယင်းတို့က ရှားပါးသည့်အပြင် အဝါရောင်ကြာအဆီ အနှစ်နှင့် ပုံစံတူနေ၍ ယင်းတို့နှင့် မရင်းနှီးသည့် လူက ထိုနှစ်ခုကို ကောင်းကောင်း ခွဲခြားတတ်လိမ့်မည် မဟုတ်ချေ။ ထိုပစ္စည်းကို စတွေ့သည့်အချိန်တွင် ရွဲ့လော်က ရှောင်ယွင်ကိုသာ အံ့အားတကြီးဖြင့် မရှင်းပြလိုက်လျှင် သူ့လို လူသစ်တစ်ယောက်အနေဖြင့် ထိုပုံစံ သိပ်မထူးခြားသည့်အရာက သူတို့ ရှာဖွေနေသော ရှားပါးဆေးအမယ်ဖြစ်နေမှန် သိလိုက်မှာ မဟုတ်ချေ။
သွေးကြာအဆီအနှစ်မှာ သွေးကြာအဆီအနှစ် ဆေးလုံး ဖော်စပ်ရာတွင် အဓိကအရေးကြီးဆေးအမယ်တစ်ခု ဖြစ် သည်။ သွေးကြာအဆီအနှစ်ဆေးအကြောင်းကို ပြော မည်ဆိုလျှင် ရှောင်ယွင်လေ့ကျင့်နေသော မီးတောက် မန္တရားချီကျင့်စဉ်အတွက် အရေးကြီးသော လိုအပ်သော ဆေး ဖြစ်၏။
မီးတောက်မန္တရားချီကျင့်စဉ်၏ အဆင့်မြင့်တင်ခြင်းတွင် ကောင်းကင်ဘုံမီးတောက်ကို မျိုချဖို့ကို လိုအပ်သည်။ ကောင်းကင်မီးတောက်ကို မျိုချဖို့ဆိုတာ လွယ်ကူသည့် အရာတစ်ခု မဟုတ်ပါဘူး။ ကောင်းကင်ဘုံမီးတောက်မှာ အင်မတန်ကို အရိုင်းဆန်ပြီး အားကောင်းသော အဖျက် စွမ်းအင်ကို ပိုင်ဆိုင်ထားသည်။ မာကျောသည့် နေရာ တွင် နာမည်ကြီးသည့် သတ္တုတွေပင် ကောင်းကင်ဘုံ မီးတောက်၏ ပြင်းထန်လှသော အပူချိန်ကိုပင် ခံနိုင်ရည် မရှိလေရာ လူ့ခန္ဓာကိုယ်ဆိုလျှင် ပြောစရာ မရှိတော့ချေ။
ထို့ကြောင့် ခန္ဓာကိုယ်အတွင်း ကောင်းကင်ဘုံမီးတောက် ကို အောင်အောင်မြင်မြင်ဖြင့် မျိုချနိုင်ပြီး တဖန် မီးတောက်ကို သန့်စင်ပြီး စုပ်ယူနိုင်ဖို့အတွက် အကာ အကွယ်ပြုနိုင်သည့် ခဲရာခဲဆစ်ပစ္စည်းများ လိုအပ်သည်။
သွေးကြာအဆီအနှစ်ဆေးလုံးကလည်း ၎င်းထဲတွင် အရေးကြီးသည့်ဆုံးတစ်ခု ဖြစ်သည်။
YOU ARE READING
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Adventureကုန်းမြေဒေသတခု မှော်ပညာတွေလည်း မရှိပါဘူး.. အင်အားကြီးသူသာ အုပ်ချုပ်ရပြီး အင်အားငယ်သူတွေလိုက်နာရ၏။ ရတနာအမျိုးမျိုးနှင့် ဆွဲဆောင်မှုရှိတဲ့ မိန်းမလှလေးများ ပြည့်နှက်နေတဲ့ ကုန်းမြေ.. ကြိုမသိနိုင်တဲ့ အန္တရယ်အထွေ အထွေ.. .. လွန်ခဲ့သော သုံးနှစ် ရှောင်ယွင် ရာ...