Battle Through The Heavens
by Heavenly Silkworm Potato
——————————————
Chapter 21 ကွက်လပ်အဆင့် ၂ မှော်ဆေးပညာရှင် ကုနီ
ပထမတန်းလေလံပွဲဆိုတာ ဝူတန်မြို့ရဲ့ အကြီးဆုံးလေလံအိမ်တော်တခုဖြစ်ပြီး ဂျားမာ အင်ပါယာရဲ့ အချမ်းသာဆုံး မိသားစုထဲက တစုဖြစ်တဲ့ ပထမတန်းမိသားစု၏ ဋ္ဌာနခွဲတစ်ခုဖြစ်သည်။
ပထမတန်းမိသားစုဟာ အလွန့်လွန် ရှေးကျတဲ့ မိသားစု ဖြစ်ပြီး ဂျားမာအင်ပါယာမှာ ရာစုနှစ်နှစ်ခုစာမျှ အတော်လေး အင်အားကြီးမားခဲ့ဖူးသည်။ ပထမတန်းမိသားစုရဲ့ကွန်ရက်က အတော်လေးကျယ်ပြန့်ပြီး ကောလာဟလသတင်း အချို့ကလည်း ပထမတန်းမိသားစုက ဂျားမာအင်ပါယာနန်းတွင်းနှင့်ပင်ခိုင်မာတဲ့ဆက်ဆံရေးရှိသည်ဟုလည်း အခိုင်အမာ ဆိုကြ၏။အင်ပါယာနိုင်ငံအတွင်းမှာ ပထမတန်းမိသားစု၊ နလန်မိသားစု နှင့် မီအာမိသားစု တို့ဟာ အကြီးဆုံးမိသားစု သုံးစု ဖြစ်ကြပြီးကုန်သွယ်ရေးနှင့်စစ်အင်အားအပိုင်းမှာလည်း အသီးသီးဆက်နွယ်မှု ရှိကြသည်။
လေလံပွဲကနေ အကျိုးအမြတ်များစွာ ရမည်ဆိုတာကို သိရှိပေမဲ့ လေလံအိမ်ရဲ့ နောက်ကွယ်မှာ ပထမတန်းမိသားစု၏ အရှိန်အဝါကြောင့် ဘယ်သူမှ ပထမတန်းလေလံအိမ်ကို အံတုပြီးမယှဉ်ပြိုင်ရဲကြချေ။
..........,
လမ်းအဆုံးမှာ တည်ရှိနေသည့် လေလံအိမ်ကို လှမ်းမြင်လိုက်သည်နှင့် ရှောင်ယွင် ဘေးလမ်းကျဉ်းလေးဘက်ကို ချိုးဝင်လိုက်ပြီးနောက် အနက်ရောင်ဝတ်ရုံကို ထုတ်ပြီး ဝတ်ဆင်လိုက်၏။
(TNL: ဟယ်ရီပေါ်တာကားထဲက ဝတ်စုံလိုပါပဲ.. )အနက်ရောင်ဝတ်ရုံက ရှောင်ယွင်မျက်နှာကို ကာပေးထားရုံမက သူ့ရဲ့အရပ်အမောင်းကိုလည်း လူကြီးတယောက်၏ကိုယ်လုံးကိုယ်ထည်မျိုးဖြစ်စေသည်။ ဤဝတ်ရုံဝတ်ဆင်ထားလိုက်ရင် ရှင်းအာကိုယ်တိုင်ကြည့်ရင်တောင် ရှောင်ယွင်မှန်း သိလိုက်မှာ မဟုတ်ဘူး။ အနက်ရောင်ဝတ်ရုံနှင့်လူကြီးတယောက်ဟုသာ ထင်မှတ်သွားမည်။
တကိုယ်လုံး ခြုံဝတ်လိုက်ပြီးနောက် ရှောင်ယွင် စိတ်အေးသွားသည်။ ဒီလို ဂရုစိုက်တာ အခြားကြောင့်မဟုတ်ပါဘူး။အခြေခံဆေးက အရမ်းတန်ဖိုးရှိပါသည်။ မျိုးနွယ်စုတစ်စု အနေဖြင့် အခြေခံဆေးဆိုတာ အရမ်းကိုဆွဲဆာင်မှုရှိပါသည်။ မျိုးနွယ်ထဲမှာ တဦးတယောက်က ဆေးကို အမြောက်အများ ထုတ်ပေးနိုင်မယ်ဆိုရင် ဒါဟာ မျိုးနွယ်အတွက် အထူးသဖြင့် လူငယ်အပိုင်းအတွက် သူတို့၏ လေ့ကျင့်နှုန်းကို မြှင့်တင်ပေးနိုင်ပြီး ဒါတွေကမျိုးနွယ်စု၏ အနာဂတ်အင်အားမှာ အကူအညီဖြစ်စေမည်။အနာဂတ်မှာလည်း မျိုးနွယ်ကို ဦးဆောင်နိုငသူတွေ ဖြစ်လာကြမည်။
YOU ARE READING
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Adventureကုန်းမြေဒေသတခု မှော်ပညာတွေလည်း မရှိပါဘူး.. အင်အားကြီးသူသာ အုပ်ချုပ်ရပြီး အင်အားငယ်သူတွေလိုက်နာရ၏။ ရတနာအမျိုးမျိုးနှင့် ဆွဲဆောင်မှုရှိတဲ့ မိန်းမလှလေးများ ပြည့်နှက်နေတဲ့ ကုန်းမြေ.. ကြိုမသိနိုင်တဲ့ အန္တရယ်အထွေ အထွေ.. .. လွန်ခဲ့သော သုံးနှစ် ရှောင်ယွင် ရာ...