ကောင်းကင်ဘုံမီးတောက်ဆိုသည်မှာ

2K 199 2
                                    

ကောင်းကင်ဘုံမီးတောက်ဆိုသည်မှာ
by Kaung Myat
crd# wikipedia

ကောင်းကင်ဘုံစစ်ပြိုင်ခြင်းလောကမှာ
သဘာဝစွမ်းအားကနေ မွေးဖွားလာတဲ့ သဘာဝမီးတောက်
တွေ ရှိခဲ့ကြသည်။ ဒါကို ကောင်းကင်ဘုံမီးတောက်လို့ ဆို
ကြသည်။ တရုတ်မူရင်းအရ မတူကွဲပြားပြီး ပုံမှန်မဟုတ်
သော မီးတောက်ဟု ဆိုကြပြန်သည်။ ကောင်းကင်ဘုံမီး
တောက်တွေဟာ အံ့မခန်းလောက်အောင် စွမ်းအားကြီးပြီး
ဒိုချီစွမ်းအင်နဲ့ ဖန်တီးထားတဲ့ မီးတောက်များထက် အဆ
များစွာ အစွမ်းပိုကြီးပါသည်။ မှော်ဆေးပညာရှင်တွေက
ကောင်းကင်ဘုံမီးတောက်ကို အသုံးပြုပြီး ဆေးစီရင်ပါက
ရရှိလာသည့် ဆေးလုံးအစွမ်းက ပိုပြီး အာနိသင် ထက်မြက်
ပါသည်။ ကောင်းကင်ဘုံမီးတောက်ဆိုတာ အရိုင်းဆန်ပြီး
ရှားပါးသလို ၎င်းကို စုပ်ယူပြီး ထိန်းချုပ်ဖို့လည်း ပိုခက်ခဲ
လှသည်။

ကောင်းကင်ဘုံမီးတောက် အနားမှာ ရှိနေလျှင် ကျန်သည့်
မီးတောက်များက ကြောက်ရွံ့ပြီး နာခံရသည်။ ကောင်းကင်
ဘုံမီးတောက်က အရှင်ဘုရင်နှင့် အလားသဏ္ဍာန်တူပြီး
ကျန်သည့် သာမန်မီးတောက်များက ခစားရသကဲ့သို့ ဖြစ်
သည်။ ကမ္ဘာကြီး၏ ကောင်းကင်အစွမ်းကို တဖြည်းဖြည်း
ကာလရှည်ကြာ အသွင်ပြောင်းပြီးမှ ကောင်းကင်မီးတောက်
ဖြစ်လာသလို မီးတောက်ကိုယ်စီမှာ ထူးခြားတဲ့ ပုံသဏ္ဍာန်
နှင့် အစွမ်းရှိကြသည်။ ဥပမာအားဖြင့် ကမ္ဘာဗဟိုပြုကြာပြာ
မီးတောက်မှာ ကြာပွင့်သဏ္ဍာန်မီးတောက်ဖြစ်သည်။ အရှာပါးဆုံးက ကိုယ်ပိုင်အသိဉာဏ်ရှိသည့် ကောင်းကင်ဘုံမီး
တောက် ဖြစ်ပေသည်။ ၎င်း၏ အသိဉာဏ်နှင့် ခံစားချက်
တို့ကို ပေါင်းစု၍ မီးတောက်ဝိညာဉ်လိပ်ပြာဟု ခေါ်ဆိုသှ်။
သူ့၏ ဉာဏ်ရည်ဉာဏ်သွေးမှာ လူသားအသွင်ပြောင်းနိုင်
သည့် အဆင့်မြင့်မှော်သားကောင်နှင့်ပင် ယှဉ်လို့ရသည်။
ကောင်းကင်ဘုံမီးတောက် ၂၃ မျိုး ရှိကြသည်။ ကောင်း
ကင်ဘုံမီးတောက်အဆင့်ကိုလည်း ၎င်းတို့၏ စွမ်းအား
အပေါ် မူတည်၍ အဆင့်လိုက် နေရာပြန်ချထားပြီး ၎င်းကိ
🔥 ကောင်းကင်ဘုံမီးတောက်အဆင့်သတ်မှတ်ချက် 🔥
ဟု အမည်ပေးထားလေသည်။

1. ဧကရာဇ် မီးတောက်
2. အဆုံးမဲ့ဝါးမျို မီးတောက်
3. မကောင်းဆိုးဝါးသန့်စင်ခြင်းပဒုမ္မာကြာ မီးတောက်
4. ရွှေဧကရာဇ်ကောင်းကင်မီးလောင်သွင်း မီးတောက်
5. ဘဝလိပ်ပြာ မီးတောက်
6. မြေဆိုးရှစ်ခုဖျက်ဆီးခြင်း မီးတောက်
7. အံ့ဖွယ်ကိုးဖွယ်ရွှေဘိုးဘွား မီးတောက်
8. ကြာပန်းနီနီ မီးတောက်
9. ကြယ်တရာ မီးလျှံသုံးထောင် မီးတောက်
10. လေပြည်ကိုးသွယ် မီးတောက်
11. အရိုးအေးစိမ့် မီးတောက်
12. မိုးကြိုးနဂါးကိုးကောင် မီးတောက်
13. ကမ္ဘာလိပ်ဝိညာဉ် မီးတောက်
14. နှလုံးသားကြွေဆင်း မီးတောက်
15. ပင်လယ်နှလုံးသား မီးတောက်
16. အော်ဟစ်မြည်ကြွေးမိုးတိမ်ရေ မီးတောက်
17. မီးတောင်ချော်ကျောက် မီးတောက်
18. ဒေါသမာန်ပျိုး လေမိုးကြိုး မီးတောက်
19. အစိမ်းရောင်ပဒုမ္မာကြာအမြုတေ မီးတောက်
20. နဂါးဇာမဏီ မီးတောက်
21. ပြန်လည်မွေးဖွားခြင်းလမ်းခြောက်သွယ် မီးတောက်
22. သားရဲတစ်သောင်း မီးတောက်
23. ထူးခြားဆန်းပြား အဝါရောင် မီးတောက်

 ထူးခြားဆန်းပြား အဝါရောင် မီးတောက်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းWhere stories live. Discover now