60 ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
_______________________________
Chapter 60 - ပါဝင်ပစ္စည်းရပြီလေလံပွဲ ပြီးတော့မည်ကို မြင်သောအခါ ရှောင်ယွင် လစ်ထွက်သွားဖို့ လမ်းစရှာလေသည်။
လေလံခန်းမကနေ ဂရုတစိုက်နှင့် ထွက်ခွာလာပြီ နီးစပ်ရာလမ်းသွယ်တစ်ခုကို ၀င်၍ အတော်တန်လျှောက်လာခဲ့ပြီးမှ ထောင့်ချိုးတစ်ခုထဲကို ကွေ့ဝင်လိုက်သည်။ ၀င်လိုက်ပြီသည်နှင့် သူ့၏ အနက်ရောင်ဝတ်ရုံကြီးကို ထုတ်ပြီ ကောက်ဝတ်လိုက်သည်။ တကိုယ်လုံးကို အနက်ရောင်အ၀တ်ဖြင့် လုံခြုံစွာ ၀တ်ဆင်လိုက်ပြီမှ လေလံခန်းမဆီကို ဖြည်းညှင်းစွာ ပြန်လှည့်လာခဲ့သည်။
သူ့ကို အဆင့်၎ မှော်ဆေးပညာရှင်ဟု ရဖေးက တွေးထင်ထားပြီမို့ သူမဟာ အစောင့်တစ်ယောက်ကို လေလံခန်းမအနားမှာ အစောင့်ထားထားပြီ ထူးခြားတဲ့ လူကြီး၏ အရိပ်အယောင်ကို စောင့်ကြည့်ခိုင်းထားလေသည်။ ထို့ကြောင့် မကြာမီ ရှောင်ယွင် ရောက်လာသည်ကို တွေ့သည်နှင့် ချောမောပြီ လှပသည့် အစောင့်မိန်းကလေးက သူ့ကို အနောက်ခန်းဆီကို ခေါ်ဆောင်သွားပြီ သူ့အနားမှာ စောင့်ရပ်နေသည်။
အခန်းထဲမှာ တိတ်ဆိတ်စွာဖြင့် ထိုင်ခုံမှာ ထိုင်စောင့်နေရင်း ရှောင်ယွင် အရှေ့က စားပွဲပေါ်က လက်ဖက်ရည်ပန်းကန်လုံးကို ယူပြီ စုပ်သောက်လိုက်သည်။ ဘေးနားမှာ ရပ်စောင့်ပေးနေသော အစောင့်မိန်းကလေးကို ဖျတ်ခနဲ ကြည့်လိုက်ပြီ ခေါင်းကို ညိတ်ပြလိုက်သည်။ ထိုအချိန်တွင် ရှောင်ယွင်၏ နှုတ်ခမ်းက မလှုပ်ရှားဘဲနဲ့ ရွဲ့လော်၏ လူကြီးအသံက ထွက်လာသည်။
" လေလံပွဲပြီးဖို့ ဘယ်လောက်ကြာဦးမလဲ?"
" ရှင်.. "
ရုတ်တရက်မေးလိုက်သော မေးခွန်းက အစောင့်မိန်းကလေးကို လန့်ဖြန့်သွားစေသည်။ အနက်ရောင်အ၀တ်ဖြင့် ဖုံးလွှမ်းထားသော ရှောင်ယွင်ကို အစောင့်မိန်းကလေးက တိတ်တခိုး ကြည့်နေ၍ ဖြစ်သည်။ မိန်းကလေးက ဖြူဖျော့နေသော မျက်နှာ..ပြီးတော့ သူမလက်သေးသေးလေးကို တင်းကျပ်စွာ အပြန်အလှန် ဆုပ်ကိုင်ထားပြီး ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ပြန်ဖြေလိုက်သည်။
![](https://img.wattpad.com/cover/156754420-288-k775992.jpg)
YOU ARE READING
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Adventureကုန်းမြေဒေသတခု မှော်ပညာတွေလည်း မရှိပါဘူး.. အင်အားကြီးသူသာ အုပ်ချုပ်ရပြီး အင်အားငယ်သူတွေလိုက်နာရ၏။ ရတနာအမျိုးမျိုးနှင့် ဆွဲဆောင်မှုရှိတဲ့ မိန်းမလှလေးများ ပြည့်နှက်နေတဲ့ ကုန်းမြေ.. ကြိုမသိနိုင်တဲ့ အန္တရယ်အထွေ အထွေ.. .. လွန်ခဲ့သော သုံးနှစ် ရှောင်ယွင် ရာ...