Chapter 33 သက်သေ

1.9K 330 14
                                    

33 ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
——————————————
Chapter 33 သက်သေ

ပထမဆုံးသွားရောက်စိန်ခေါ်လိုက်သူကို ကြည့်ပြီး ကျန်တဲ့
တခြားအဆင့်မမီသူတွေဟာ ညှိုးငယ်စွာ အသက်ပြင်းချပြီး
နောင်တရနေကြ၏။ ရှောင်ယွင်အရှေ့က ဗလတောင့်
တောင့် လူငယ်ကိုလည်း မနာလိုစွာ ကြည့်မိကြသည်။

ရှောင်ယွင် မျက်စိကို ကျဉ်းမြောင်းကာ သူ့အရှေ့က လူငယ်
ကို စစ်ဆေးကြည့်မိသည်။ မျိုးနွယ်ထဲက လူငယ်တော်
တော်များများကို မသိပေမဲ့ သူ့အရှေ့က လူငယ်နဲ့ ပတ်
သတ်ပြီး သူ့မှာ ခံစားချက်ရှိသည်။

သူမှတ်မိသလောက်ဆိုရင် အရှေ့ကလူငယ်နာမည်က
ရှောင်ခွန်း ဖြစ်ပြီး ပထမအကြီးအကဲ၏ နောက်လိုက်တစ်
ယောက်ဖြစ်၏။ ပုံမှန်အချိန်ဆိုရင် ရှောင်နင်ရဲ့ လူယုံတစ်
ယောက်အဖြစ် လိုက်ပါလေ့ရှိပြီး တဖန် ရှောင်ယွင် ပါရမီ
ရှင်အဖြစ်ကနေ ကျဆင်းခဲ့တဲ့အချိန်မှာ သူ့အပေါ် သနား
ညှာတာမှု မရှိဘဲ သူ့ကို လှောင်ရယ်ခဲ့သူဖြစ်သည်။

မှတ်ဉာဏ်ဟောင်းတွေကို သတိရသွားတဲ့အချိန်မှာ ရှောင်
ယွင်နှုတ်ခမ်းထောင့်က အန္တရာယ်အရိပ်အငွေ့ပါတဲ့ အပြုံး
တခုသို့ တွန့်ကွေးပြောင်းလဲသွားချေပြီ...

ထို့နောက် သူ့ကို ပြုံးကြည့်နေသည့် ရှင်းအာဘက်ကို
လှည့်ကြည့်လိုက်ပြီး အပြုံးတစ်ချက် ပြုံးပြလိုက်ကာ ခေါင်း
ညိတ်လိုက်ပြီးနောက် ရှောင်ခိုးကို ကြည့်လိုက်ရင်း

" ကောင်းပြီး.. စိန်ခေါ်မှုကို လက်ခံတယ်.. "

ရှောင်ယွင် စိန်ခေါ်မှုကို အလွယ်တကူ လက်ခံလိုက်တာကို
ကြည့်ပြီး ရှောင်ခွန်း မျက်မှောင်ကျုံ့လိုက်ရင်း သူ့နှလုံးသား
အတွင်းအထိ ကြောက်ရွံ့မှုတွေ စိမ့်တက်လာတာကို ခံစား
လိုက်ရ၏။ တံတွေးကို ခြောက်ကပ်စွာ မျိုချလိုက်ရင်း သူ့၏
မဆင်မခြင် ရွေးချယ်လိုက်မှုကို နောင်တရစပြုလာ၏။

သူဘယ်လောက်ပဲ နောင်တရနေပါစေ.. နောက်ဆုတ်လို့
မရတော့ပေ..... ဆက်ပြီး အရှေ့တိုးရန်သာ ရှိတော့သည်။

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းWhere stories live. Discover now