အပိုင်း ( ၈၇ ) - သတ်ဖို့ ကြိုးစားခြင်း
" အစ်မ.. ရှောင်ယွင်အခြေအနေက သိပ်ဟန်ပုံ မရဘူး.. "
လက်နက်မဲ့သွားသော ရှောင်ယွင်အား ရပ်ကြည့်နေရင်း ရှောင်နင် စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်သည်။
ရှောင်ယုက တည်တည်ငြိမ်ငြိမ်ဖြင့် လေသံတိုးဖျော့စွာ ပြောလိုက် သည်။
" သူသေသွားတော့ရော ငါက ဘာလို့ ဂရုစိုက်ရမှာလဲ.. သူက သူရဲကောင်းဖြစ်ချင်နေတာလေ.. ဖြစ်ရင်ကောင်းတာပေါ့.. ရှုံးသွားရင်တော့ အများတကာက လှောင်ပြောင်ကြမှာပေါ့... "
ထို့နောက် သူမ တိတ်ဆိတ်သွားပြန်သည်။ ရှောင်ယု အသက်ပြင်း ချပြန်ကာ
" သူ့ကို ကူဖို့ အဆင်သင့်လုပ်ထားလိုက်.. ဂျားလီယောင်ဆိုတဲ့ ခွေးသားက ညှာမဲ့ပုံမပေါ်ဘူး... "
ရှောင်နင် ခေါင်းကို သွက်သွက် ညိတ်လိုက်သည်။ ရှောင်ယု စိတ်ပြောင်းသွားမှာကိုလည်း စိုးရသည်။
စိုးရိမ်နေသော ရှောင်ယုထက်စာရင် ရှင်းအာက ပိုပြီး တည်ငြိမ်နေပုံ ရသည်။ သူမ၏ မျက်ဝန်းက မြေကွက်လပ်ဆီကို ဖြန့်ကျက်ကြည့်ရှု နေပြီး လေမုန်တိုင်းကြားထဲက ရှောင်ယွင်ဆီကို ပြုံးရင်း ကြည့်နေ သည်။
ဂျားလီယောင်၏ တိုက်ခိုက်မှုအား ရှောင်ယွင် ခက်ခဲစွာဖြင့် ဘေး တစ်ကွက်နင်း၍ ရှောင်လိုက်သည်။ ရှောင်ယွင်က အနောက်ဆုတ် လေ ဂျားလီယောင်က သူ့၏ လေစွမ်းအင် အထူးပြုသိုင်းဖြင့် အလျင် အား တိုးမြင့်ပြီး အရှေ့တိုးလာသည်။ လက်သီးအား တင်းတင်းဆုပ် လျက် ရက်စက်တော့မည့်ဟန်ဖြင့် ဂျားလီယောင်၏ လက်သီးက ရှောင်ယွင် ခေါင်းဆီကို ဦးတည်၍ တိုက်ခိုက်လိုက်သည်။
ရှောင်ယွင်မှာ အနောက်ဆုတ်ရင်း ဆုတ်ရင်း နောက်ဆုံးတွင် ဘယ်လိုမှာ ရှောင်လွဲ၍ မရသည့်အခါတွင် သူ့မျက်နှာသည် ကန်ရေပြင်လို ငြိမ်သက်သွားပြီး အသက်တစ်ခါ ဖြည်းညှင်းစွာ ရှုထုတ်လိုက်သည်။ အဝါဖျော့ဖျော့ ဒိုချီစွမ်းအင်က အရှိန်အဟုန်ဖြင့် သူ့ရဲ့ လက်သီးဆီကို ပြေးဆင်းသွားကြသည်။

YOU ARE READING
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Phiêu lưuကုန်းမြေဒေသတခု မှော်ပညာတွေလည်း မရှိပါဘူး.. အင်အားကြီးသူသာ အုပ်ချုပ်ရပြီး အင်အားငယ်သူတွေလိုက်နာရ၏။ ရတနာအမျိုးမျိုးနှင့် ဆွဲဆောင်မှုရှိတဲ့ မိန်းမလှလေးများ ပြည့်နှက်နေတဲ့ ကုန်းမြေ.. ကြိုမသိနိုင်တဲ့ အန္တရယ်အထွေ အထွေ.. .. လွန်ခဲ့သော သုံးနှစ် ရှောင်ယွင် ရာ...