Chapter 108

1.2K 215 3
                                    

နက်မှောင်သော ညဉ်းယံထက်ပြင်တွင် အထီးကျန်နေ သော လခြမ်းကွေးက တွဲလောင်းချိတ်ထားလို့ နေသည်။ မှိန်တိန်တိန် အေးစက်စက် အလင်းရောင်က ကျယ်ပြော လှသော မြေပြင်ပေါ်တွင် ဖြန့်ခင်းထားသည်။

နက်မှောင်ကျနေသော တောအုပ်တစ်အုပ်..

မှိန်ဖျော့ဖျော့ မီးပုံတစ်ခုမှ မီးတောက်တွေက လှပစွာ ကခုန်နေသည်။ နွေးထွေးသော အလင်းရောင်က တိတ်ဆိတ်ငြမ်သက်သော ညအမှောင်အား အံတုနေ သည့်အလားပင်။

မီးပုံဘေးနားတွင် လူငယ်တစ်ယောက်က သစ်ပင် တစ်ပင်အား ကျောမှီ၍ ထိုင်နေသည်။ လက်ထဲက တုတ် တစ်ချောင်းဖြင့် မီးပုံအား ငေးတိငေးမောဖြင့် ထိုးဆွလို့ နေသည်။

ဒီနေ့ပါ ထည့်တွက်ရရင် သူ ဝူတန်မြို့မှ ထွက်ခွာခဲ့သည် မှာ ၅ ရက်မြောက် ဖြစ်လေ၏။ အထီးကျန်ဆန်သော ခရီးတစ်လျှောက်တွင် မူလ တက်ကြွဖျတ်လတ်နေမှုများ တဖြည်းဖြည်း လျော့ပါးလာခဲ့သည်။ အိမ်လွမ်းဝေဒနာက လူငယ်လေး၏ နှလုံးသားထဲတွင် တဖြည်းဖြည်း နေရာ ယူလာခဲ့ပေသည်။

နောက်ထပ် ထင်းချောင်းတွေအား မီးပုံထဲ ပစ်ထည့်လိုက် သည်။ မီးပုံမှာ နောက်တကြိမ် တောက်ပလာခဲ့သည်။ ရှောင်ယွင်သည် မေးလေးထောက်ထားပြီး ပျင်းရိစွာဖြင့် မေးလိုက်သည်။

" ဆရာ.. ကျွန်တော်တို့ ဘယ်ကို သွားနေတာလဲဟင်.. "

" မှော်သားရဲကောင်တောင်တန်း "

သူ့လက်ချောင်းတွင် ဝတ်ဆင်ထားသော လက်စွပ်မှ စကားပြောသံက ထွက်ပေါ်လာသည်။

" ဝူတန်မြို့အနားကနေ မှော်သားရဲကောင်တောင်တန်း ကို ဝင်လာခဲ့ပြီးပြီမလား.. ဘာလို့ ကျွန်တော်တို့ အဝေး ကြီး ထပ်ဝင်လာရတာလဲ.. "

" ငါတို့က မှော်သားရဲကောင်တောင်တန်းရဲ့ အရှေ့ဘက် အပိုင်းမှာ ရှိနေတာ.. ငါတို့ တည့်တည့် ဖြတ်သွားလိုက် ရင် တက်ကာ သဲကန္တရကို ရောက်မယ်.. အဲဒါက ငါတို့ အပြင်ထွက်လေ့ကျင့်ခြင်းရဲ့ နောက်ဆုံးပန်းတိုင်ပဲ.. "

ဟု ရွဲ့လော်က ပြောလိုက်သည်။

" မှော်သားရဲကောင်တောင်းတန်းကြီးကို တည့်တည့် ဖြတ်ကျော်ရမယ်.. ??? "

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းWhere stories live. Discover now