CH 143

760 111 3
                                    

အပိုင်း ( ၁၄၃ )

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
+++++++++++++++++

တောအုပ်အတွင်းတွင် တဖြည်းဖြည်း လျှောက်လှမ်းလာရာမှ ရှောင်ယွင်သည် ဘေးတစ်ဖက်တစ်ချက်မှာ ကျဲပါးလာသည့် တောအုပ်တန်းကို ငေးကြည့်ရင်း စိတ်ပေါ့ပါးစွာ အသက်ပြင်းချလိုက်သည်။ ယခု သူသည် မှော်သားရဲတောင်တန်းအပြင်ဘက်သို့ ရောက်ရှိနေပြီး ဖြစ်သည်။ တကယ်၍ သူသာ အနည်းငယ် ထပ်လျှောက်သွားခဲ့လျှင် မှော်သားရဲတောင်တန်းအတွင်းသို့ အမဲလိုက်ထွက်လာမည့် ကြေးစားမုဆိုးများနှင့် တွေ့ရပေလိမ့်မည်။

ရှောင်ယွင် ခေါင်းကို မော့ပြီ အနည်းငယ်မှောင်မဲနေသည့် ကောင်းကင်ကို မော့ကြည့်ကာ အလိုလို မျက်မှောင်ကြုတ်လိုက်မိသည်။ ကြည့်ရသည်မှာ ဒီတစ်ညတော့ မှော်သားရဲတောင်တန်းမှာပဲ အိမ်စက်ရမည့်ပုံ ရနေသည်။

ရှောင်ယွင် ခေါင်းကို ခါယမ်းလိုက်ရင်း နောက်ကျောပြင်မှာ အဝတ်နက်ဖြင့် လွှမ်းပတ်ထားသည့် ရွှင်းပေတံကြီးကို ပုတ်လိုက်သည်။ ကြည့်ရတာ ထူးဆန်းသည့် ရွှင်းပေတံက အများအမြင်တွင် ထူးခြားနေ၍ ရှောင်ယွင်လည်း ပြဿနာကို ရှောင်ချင်သည့်စိတ်ကြောင့် မတတ်သာဘဲ ရွှင်းပေတံကြီးကို သိမ်းဆည်းလိုက်ရသည်။

နောက်ထပ် အနည်းငယ် လျှောက်သွားပြီးနောက်မှတော့ အပေါ်က ကောင်းကင်သည်လည်း မှောင်မဲသွားလေပြီး။ ရှောင်ယွင် စိတ်ပျက်စွာဖြင့် ခေါင်းကို ခါယမ်းကာ အနားယူဖို့ နေရာကို လိုက်ရှာလိုက်သည်။ ထိုအခါတွင် မနီးမဝေးနေရာဆီက မီးဖိုတစ်ဖို ရှိနေသည်ကို သတိပြုလိုက်သည်။

" အမ်... အဲ့မှာ လူတွေ ရှိနေတာလား.. "   ရှောင်ယွင် တွေဝေစွာဖြင့် ငေးကြည့်နေမိသည်။  ထို့နောက်တွင်တော့ အတွေးတစ်ခုကို တွေးလိုက်ရင်း မီဖိုဆီသို့ ဦးတည်ကာ ခြေလှမ်းလှမ်းလိုက်လေသည်။ 

အနားနီးလာတဲ့အခါမှာတော့ မီးဖိုအနားမှာ လူ ၅ ယောက်က ဝိုင်းဖွဲ့ထိုင်နေသည်ကို မြင်လိုက်ရသည်။ ယောင်္ကျား ၃ ယောက်နှင့် မိန်းမ ၂ ယောက်ဖြစ်ကြကာ လက်နက်ကိုယ်စီ ကိုင်ဆောင်ထားကြသည်။  သူတို့၏ ရင်ဘက်မှာလည်း တူညီတံဆိပ်များ ရှိကြကာ တစ်ဖွဲ့တည်းဖြစ်ကြသည့် ကြေးစားမုဆိုးတွေမှန်း သိသာပါသည်။

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းWhere stories live. Discover now