Ch 139

792 133 6
                                    

အပိုင်း (၁၃၉ ) နီလာခရမ်းအမြုတေကို ရယူခြင်း

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle through the Heavens
++++++++++++++++

" အဆင့် ၃.. ဟုတ်လား.. "

ထိုစကားကို ကြားရမှ ရှောင်ယွင်လည်း နဖူးက ချွေးကို ကောင်းကောင်း သုတ်နိုင်တော့သည်။ သူ့ကိုယ်ထဲမှာ ယွင်ချီထည့်ပေးထားသည့် ဒိုစွမ်းအင်တွေက ရှိနေသေးသော်လည်း ထို ခုခံအားကောင်းသည့် နီလာခရမ်းတောင်ပံခြင်္သေ့ငယ်ကို ရှင်းပစ်ဖို့က သူ့အတွက် မလွယ်ကြောပင်။

မြေပြင်မှာ လှဲအိပ်နေသည့် နီလာခရမ်းတောင်ပံခြင်္သေ့ကို ရှောင်ယွင် မျက်မှောင်ကြုတ်ပြီ ကြည့်နေ၏။ အချိန်အတော်ကြာအထိ စဉ်းစားနေပြီးမှ ရွဲ့လော်ဘက်ကို လှည့်ပြီ မေးကြည့်လိုက်သည်။

" ဆရာ.. ဆရာက ဘာလို့ ဒီကောင်လေးကို မသတ်တာလဲ.. "

" အေးလေ.. မှော်သားရဲတောင်တန်းကို မဝင်ခင်ကတည်းက မင်းကို ငါ ပြောထားပြီးပြီလေ..၊ မင်းဘာသာ မင်းအားကိုးရမှာလေ..၊ မင်းအတွက် အသက်အန္တရာယ်မရောက်သရွေ့တော့ ငါက မင်းကို ဝင်ကူညီမှာ မဟုတ်ဘူး.. "

ရွဲ့လော်က ပြုံးလိုက်ပြီ ရှောင်ယွင်ခေါင်းကို ညင်သာစွာ ပွတ်သပ်လိုက်သည်။

" ဟောဗျာ.. ဆရာက အကြင်နာမဲ့တာပဲဗျာ.. "   ရှောင်ယွင် မျက်မှောင်ကုတ်ပြီ ရွဲ့လော်ကို လက်ခလယ် ထောင်ပြလိုက်သည်။ ထို့နောက် စိတ်ပျက်စွာဖြင့် ရေရွတ်လိုက်ပြန်သည်။

" ကဲလေ.. ဒီကောင်ကို မနိုင်ဘူးလို့ ငါကိုယ့်ငါ မယုံဘူးကွာ.. "

" ဒီကောင်ကို မင်းတစ်ခါတည်း ရှင်းဖို့ မရည်ရွယ်ထားပါဘူးနော်.. ဟုတ်တယ်မလား.. ၊ ဒီကောင်က အရွယ်အစားသာ မကြီးတာ.. အဆင့်၃ မှော်သားရဲအထဲမှာတော့ အသန်မာဆုံးပဲ..၊ မင်းရဲ့ ကိုယ်လုံးသေးသေးလေးနဲ့ဆိုရင်တော့ ဒီအဆင့်ရှိတဲ့ ဒိုသိုင်းကို သုံးမယ်ဆိုရင်တောင် မင်း သူ့ကို သတ်ဖို့ ခဲယဉ်းနေဦးမှာပဲ.. "

ရွဲ့လော်က စိတ်ပူသော လေသံဖြင့် ပြောလိုက်သည်။

" ဒီကောင်နဲ့ ထိပ်တိုက်ရင်ဆိုင်ရင်တော့ အဲဒါ ကျနော် ရူးနေလို့ပဲ.. "    ရှောင်ယွင်မှာ ကျောက်တုံးကြီးတစ်တုံးအား မှီပြီ ထိုင်ချလိုက်သည်။ ထို့နောက် သူ့လက်စွပ်အထဲကနေ ပစ္စည်းအစုံပလုံများစွာတို့ကို ထုတ်ယူပြီ လှန်လှောရှာဖွေလိုက်သည်။ နောက်ဆုံးတွင်တော့ ခရမ်းရောင်ခပ်ဖျော့ဖျော့ သစ်သီးတစ်လုံးနှင့် အစိမ်းရောင်အရည်ပါသည့် ပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းWhere stories live. Discover now