Chapter 114

763 87 0
                                    

အပိုင်း ( ၁၁၄ ) - ရတနာအမဲလိုက်ခြင်း

ကောင်းကင်ဘိုံသို့ စစ်ပြှို်ခြင်း

Battle Through The Heavens

ဂူတစ်လုံး..

ရှောင်ယွင်က မျက်ခုံးပင့်ပြီး နတ်မိမယ်သမားတော်မလေး ကို စိတ်ဝင်စားစွာ ကြည့်လိုက်သည်။

ခုနှက အထဲဝင်ဖို့ လုပ်နေတယ်မလား..

ဟုတ်တယ်. ဒါပေမဲ့ ချောက်ကမ်းပါက အရမ်း မတ် စောက်လွန်းတယ်.. အထဲကို ဝင်လို့ မရဘူး..

နတ်မိမယ်သမားတော်မလေးသည် ရှောင်ယွင်ကို တစ်ချက် မျက်စောင်းထိုးကြည့်လိုက်ပြီး အေးဆေးစွာ ပြောလိုက်သည်။

ကျွန်မ ရှင်ကို ဒီလျှို့ဝှက်ချက် ပြောပြလို့ရတယ်.. ဒါပေမဲ့ ရှင်က အဲဒါကို အပိုင်ကြံဖို့ စိတ်မကူးမိရင် ကောင်းမယ်.. မဟုတ်ရင် ရှင်က လွယ်လွယ်နဲ့ ရသွား မှာကို ကျွန်မ ခွင့်မပြုနိုင်ဘူး..ယုံထားလိုက်ပါ.. ကျွန်မရဲ့ ခွန်အားက ဒိုကျဲအဆင့် ကြယ် ၂လုံးသမားကို မယှဉ်နိုင် ပေမဲ့လည်း ကျွင်းရှိမြို့မှာ ရှင်ကိုယ်ရှင် သန်မာဆုံးလို့ မတွေးမိထားပါနဲ့..

နတ်မိမယ်သမားတော်မလေး၏ မျက်နှာက လေးနက် တည်ကြည်နေမှုကို ကြည့်ပြီ ရှောင်ယွင် ပြုံးလိုက်မိ သည်။ နှာခေါင်းကို ပွတ်သပ်လိုက်ပြီး စနောက်လိုက် သည်။

ပထမတုန်းက စိတ်ကူးထားတာက မင်းကို အလဲသိပ် လိုက်ပြီး ငါ့ဘာသာ အောက်ကို ဆင်းမလားလို့ .. ဒါပေမဲ့ အခု မင်းရဲ့ ယုံကြည်ချက်က ခိုင်မာနေတော့ ငါကပဲ သတိပေးတာကို နားမထောင်တော့ရင် ကောင်းမလား

ထိုအခါ နတ်မိမယ်သမားတော်မလေးသည် ဟွန့်ခနဲ နှာတစ်ချက်မှုတ်လိုက်ပြီး ရှောင်ယွင်ကို စားတော့မတတ် ကြည့်လိုက်သည်။ ထိုလူက ဒီလိုစိတ်ကူးရှိမယ်မှန်း သူမ တကယ် မထင်မှတ်မိပေ။

ရှောင်ယွင်မှာ အရှေ့ကို တစ်လှမ်းတိုးလိုက်ပြီး ချောက်ကမ်းပါးအောက်က အန္တရာယ်များသော ခြုံပုတ် နေရာကို ကြည့်လိုက်သည်။ ထို့နောက် သူမဘက်ကို လှည့်ပြီး မေးလိုက်သည်။

မင်းက ငါ့ကို တကယ်လုပ်ကြည့်စေချင်လို့လား..

ထားလိုက်တော့.. ငါတို့ ထွက်လာတာ တော်တော် ကြာသွားပြီး.. ငါတို့ ပြန်မရောက်ရင် မုလီ သံသယ ဝင်သွားလိမ့်မယ်.. ဆေးပင်စုဆောင်းတဲ့ အဖွဲ့က မှော် သားရဲကောင်တောင်တန်းမှာ တစ်ညလောက် နေဦးမယ် ဒီကို ညကျမှ ပြန်လာလို့ ရတယ်

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းWhere stories live. Discover now