138 နီလာခရမ်းခြင်္သေ့မွေးရာပါအမြုတေ
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
ဘာသာပြန် - ကောင်းမြတ်ဂူပေါက်ဝတွင် စောင့်ကြပ်နေကြသည့် မှော်သားရဲတော်တော်များများသည် ယွင်ချီကြောင့် အပြောင်ရှင်းသွားခဲ့ပြီး။ သို့သော် အနောက်တန်းက အဆင့်၃ မှော်သားရဲနှစ်ကောင်ကတော့ ကျန်နေပါသေးသည်။ ထိုနှစ်ကောင်သည် ကောင်းကင်ထက်က တိုက်ပွဲကို စိတ်ပူပန်စွာဖြင့် စောင့်ကြည့်လို့နေသည်။ ကောင်းကင်ထက်မှ တိုက်ပွဲကနေ ကျဆင်းလာသည့် အရှိန်အဝါကြောင့် မြေပြင်တစ်ခုလုံး ဖိနှိပ်တုပ်နှောင်ထားလို အဆက်မပြတ် တုန်လှုပ်လို့နေသည်။
ဂူအပေါက်ဝကနေ ဆယ်မီတာအကွာတွင် စောင့်ကြပ်နေသည့် အဆင့်၃ မှော်သားရဲကောင်နှစ်ကောင်ကို ရှောင်ယွင် အကဲခတ်ကြည့်နေရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ ထို့နောက် သူ့သိုလှောင်လက်စွပ်ကနေ ဆေးပုလင်းတစ်ပုလင်းကို ထုတ်ယူလိုက်ပါသည်။ ပြီးလျှင် သူ့တစ်ကိုယ်လုံးအား သုတ်လိမ်းလိုက်သည်။ ထိုဆေးကို သူကိုယ်တိုင် ဖော်စပ်ထားခြင်း ဖြစ်ပြီး ဆေးအစွမ်းမှာလည်း သူ့ကိုယ်အနံ့အား ဖျောက်ထားပေးပြီးလျှင် အနံ့ခံအားကောင်းသည့် မှော်သားရဲတို့၏ ရန်ကနေလည်း ကာကွယ်ပေးသည်။
ခပ်အုပ်အုပ်ရှိနေသည့် တောအုပ်အတွင်း အားလုံးပြင်ဆင်ထားပြီးလျှင် ရှောင်ယွင်သည် ကျောက်တုံးတွေအား အကာအကွယ်ယူ၍ ပုန်းလျှိုးကွယ်လျှိုးဖြင့် ဂူအပေါက်ဝဆီသို့ ဝပ်တွားတက်လာခဲ့သည်။ ထို့နောက် ဂူအထက်က နေရာတစ်ခုဆီကို တိတ်တဆိတ်ဖြင့် အရောက်တက်လာခဲ့သည်။ တစ်စက္ကန့်လောက် ငြိမ်နေလိုက်ပြီးလျှင် သိုလှောင်လက်စွပ်မှ အဝတ်ပျော့ပျော့တချို့ကို ထုတ်ယူလိုက်ကာ သူ့ခြေထောက်ကို စည်းထုပ်လိုက်သည်။
ပြင်ဆင်ပြီးသွားသောအခါ ရှောင်ယွင် အသက်ပြင်းတစ်ခါ ရှိုက်လိုက်ရင်း ဂူအထက်က ထိုနေရာမှ ခုန်ဆင်းလိုက်သည်။ လေထဲတွင် ကျွမ်းတပတ်ပစ်လိုက်ပြီးမှ မြေပြင်ပေါ် ပေါ့ပါးစွာ သက်ဆင်းလိုက်သည်။
မြေကြီးနှင့် ခြေထောက်ထိပြီးသည်နှင့် ကိုယ်ကို ငုံ့ပြီး ဂူအတွင်းသို့ အလျင်အမြန် ဝင်သွားလိုက်သည်။
YOU ARE READING
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Adventureကုန်းမြေဒေသတခု မှော်ပညာတွေလည်း မရှိပါဘူး.. အင်အားကြီးသူသာ အုပ်ချုပ်ရပြီး အင်အားငယ်သူတွေလိုက်နာရ၏။ ရတနာအမျိုးမျိုးနှင့် ဆွဲဆောင်မှုရှိတဲ့ မိန်းမလှလေးများ ပြည့်နှက်နေတဲ့ ကုန်းမြေ.. ကြိုမသိနိုင်တဲ့ အန္တရယ်အထွေ အထွေ.. .. လွန်ခဲ့သော သုံးနှစ် ရှောင်ယွင် ရာ...