အပိုင်း ( ၁၁၇ ) - ပျံသန်းနိုင်သည့် စွန်းရဲတောင်ပံဒိုပညာရပ်
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavensရှောင်ယွင်သည် သော့ကိုကိုင်လာရင်း သေတ္တာဆီကို လျှောက်လာပြီ နွေးနေသည့် သတ္တုသော့ခလောက်ကို ကိုင်လိုက်သည်။ ထို့နောက် ဆေးပင်အားလုံးကို တူး၍ ပြီးသလောက် ရှိနေပါသော နတ်မိမယ်သမားတော်မလေး ကို ခေါင်းလှည့်ကြည့်လိုက်ကာ ပြုံးပြီ ခေါ်လိုက်သည်။
“ ဒီကို မြန်မြန်လာခဲ့.. ဒီသေတ္တာတွေကို ဖွင့်ပြီး အားလုံး ကို အပိုင်မသိမ်းချင်ပါဘူးနော်.. ”
“ နင့်မှာ အသိစိတ်တော့ ရှိတတ်သားပဲ.. ”
နတ်မိမယ်သမားတော်မလေးက နှာခေါင်းရှုံ့ပြောလိုက် ကာ ပုလင်းဆယ်လုံးကျော်ကို ပိုက်လာပြီး ကျောက်စားပွဲ ခုံပေါ်ကို ထားလိုက်သည်။ ပြီးလျှင် ပုလင်း ၆ လုံးကို တွန့်တိုစွာဖြင့် ရွေးလိုက်ပြီ ရှောင်ယွင်ကို ကမ်းပေးလိုက် သည်။
“ ရော့.. နင့်ဟာတွေ.. ”
ရှောင်ယွင်လည်း လှမ်းယူလိုက်ပြီ တစ်ချက် စစ်ဆေး ကြည့်လိုက်ပြီးနောက် သိုလှောင်လက်စွပ်ထဲကို ထည့် ထားလိုက်သည်။ ရေခဲဝိညာဉ်မီးမြက်ပင်ကို ရထားပြီးပြီ မို့ တခြားသော တန်ဖိုးရှိဆေးပင်တွေက သူ့အတွက် အရေးမကြီးတော့ပါလေ။
ရှောင်ယွင်က သော့သုံးချောင်းကို မြှောက်ပြလိုက်ပြီး နတ်မိမယ်သမားတော်မလေးကို ပြောလိုက်သည်။
“ ဒါဆို ဒီသေတ္တာတွေကို ငါ ဖွင့်လိုက်တော့မယ်.. ”“ သေတ္တာကို ဖွင့်ဖို့.. ”
ရှောင်ယွင်ကို မျက်စောင်းထိုးကြည့်လိုက်ပြီးနောက်တွင် သူမသည် ဆေးပုလင်းများကို သူမ၏ ခါးနေရာနှင့် ရင် ဘတ်အတွင်းသို့ ခပ်သွက်သွက် ထည့်သွင်းလိုက်သည်။ ထိုအခါ သေးသွယ်သော သူမ၏ ခါးနေရာမှာ အနည်းငယ် ဖောင်းတင်းသွားသည်။
ရှောင်ယွင်က နှုတ်ခမ်းသပ်လိုက်ပြီ ကျောက်သေတ္တာကို အကဲခတ်ကြည့်လိုက်သည်။ ထို့နောက် သော့သုံးချောင်း ထဲက တစ်ချောင်းကို ကံစမ်းရွေးယူလိုက်ပြီး ပထမဆုံး သော့ခလောက်ကို ယူ၍ သော့ထိုးကြည့်လိုက်သည်။

YOU ARE READING
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Aventuraကုန်းမြေဒေသတခု မှော်ပညာတွေလည်း မရှိပါဘူး.. အင်အားကြီးသူသာ အုပ်ချုပ်ရပြီး အင်အားငယ်သူတွေလိုက်နာရ၏။ ရတနာအမျိုးမျိုးနှင့် ဆွဲဆောင်မှုရှိတဲ့ မိန်းမလှလေးများ ပြည့်နှက်နေတဲ့ ကုန်းမြေ.. ကြိုမသိနိုင်တဲ့ အန္တရယ်အထွေ အထွေ.. .. လွန်ခဲ့သော သုံးနှစ် ရှောင်ယွင် ရာ...