အပိုင်း ( ၁၄၆ ) - ဝံပုလွေခေါင်းအဖွဲ့ကို ဖြိုခွဲခြင်း
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
+++++++++++++++++သိမ်းငှက်ကြီး၏ ကျောပြင်ထက်တွင် ရပ်နေသော ရှောင်ယွင်သည် တဖြည်းဖြည်းသေးငယ်သွားသော မြို့လေးကို အပေါ်စီးကနေ ကြည့်နေသည်။ ပြီးလျှင် အပြာရောင်သိမ်းငှက်ကြီးကို လှည့်ကာ ငေးကြည့်နေရင်း မနာလိုစိတ်လေးပါ ပေါ်လာမိသည်။ ဒီလို ပျံသန်းပို့ဆောင်ပေးနိုင်သည့် အရာမျိုးက လူတိုင်း ငမ်းငမ်းတက်လိုချင်နေသည့်အရာမဟုတ်လား။
(နတ်သမီးသမားတော်မလေးနာမည်အစား ရှောင်ယိရှန်ဟု ပြောင်းလဲသုံးစွဲပါမည် ) ရှောင်ယိရှန်မှာ သိမ်းငှက်ကြီး၏ အမွှေးအတောင်ကို ပွတ်သပ်နေရင်း ရှောင်ယွင်၏ အမူအရာကို လှမ်းအကဲခတ်ကြည့်နေပါသည်။ ထို့နောက် သူမသည် မရယ်ဘဲ မနေနိုင်ဖြစ်ကာ
" ဘာလဲ.. ငါ့ရဲ့ ရှောင်လန်လေးကို သဘောကျနေပြီးလား.. ဒါပေမဲ့ ငါကလည်း ပေးမှာမဟုတ်ပါဘူး.. သူနဲ့ နှစ်ပေါင်းများစွာ မိတ်ဆွေဖြစ်လာခဲ့ကြတာလေ "
ရှောင်ယွင်သည် ခေါင်းကို ခါယမ်းပြီး အပြုံးမျက်နှာဖြင့်
" ငါက မနာလိုဖြစ်ကောင်း ဖြစ်လိမ့်မယ်.. ဒါပေမဲ့ သူများရဲ့ အမြတ်တနိုးပစ္စည်းကို အလစ်မသုတ်ပါဘူးကွာ. တကယ်လို့ မင်း ပေးမယ်ဆိုရင်တောင် ငါ ယူမှာ မဟုတ်ဘူး "ဒိုချီကုန်းမြေဒေသကြီးမှာ ကိုယ်ပိုင်သားရဲတစ်ကောင် ပိုင်ဆိုင်ရခြင်းက ပိုင်ရှင်ဖြစ်သူ၏ တိုက်ခိုက်မှုတွင်ပါ အကူအညီဖြစ်စေသည်ကို ရှောင်ယွင် ကောင်းကောင်းသိသည်။ ထို့ပြင် မှော်သားရဲကောင်တစ်ကောင်နှင့် မိတ်ဖွဲ့ရင်းနှီးအောင် လုပ်ရသည်မှာလည်း အထူးတလည် ပေါင်းစည်းဖွဲ့နှောင်သည့် အရာမျိုး မရှိပါဘူး။ ဒါကြောင့်ပဲ လူတချို့ကပဲ ကံကောင်းစွာနဲ့ သူတို့ရဲ့ ခင်မင်မှုနှင့် သစ္စာရှိမှုကို ပိုင်ဆိုင်နိုင်ခဲ့ကြတာပါ။
အခု ရှောင်ယိရှန်မှာ လွန်ခဲ့သည့် တစ်နှစ်တုန်းက အဆင့်၁ မှော်သားရဲကောင်ဖြစ်တဲ့ သိမ်းငှက်ပြာကို အသက်ကယ်ခဲ့ပြီးနောက်ပိုင်းမှာ သိမ်းငှက်ရဲ့ သစ္စာရှိမှုကို သူမ ရရှိသွားခြင်း ဖြစ်သည်။ တကယ်၍ သူမက သိမ်းငှက်ကို ရှောင်ယွင်ဆီ ပေးလိုက်မည်ဆိုလည်း သိမ်းငှက်က ချက်ချင်း အတောင်ပံဖြန့်ပြီးတော့ တောင်တန်းတွေဆီကို ပျံပြေးသွားမှာပါ။
YOU ARE READING
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Adventureကုန်းမြေဒေသတခု မှော်ပညာတွေလည်း မရှိပါဘူး.. အင်အားကြီးသူသာ အုပ်ချုပ်ရပြီး အင်အားငယ်သူတွေလိုက်နာရ၏။ ရတနာအမျိုးမျိုးနှင့် ဆွဲဆောင်မှုရှိတဲ့ မိန်းမလှလေးများ ပြည့်နှက်နေတဲ့ ကုန်းမြေ.. ကြိုမသိနိုင်တဲ့ အန္တရယ်အထွေ အထွေ.. .. လွန်ခဲ့သော သုံးနှစ် ရှောင်ယွင် ရာ...