Chapter ( 78 )

1.3K 258 2
                                    

အပိုင်း ( ၇၈ ) - လေ့ကျင့်ပြီးနောက် အဆင့်တိုးခြင်း

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
Translated by Kaung Myat

ဆေးအမယ်များကို ရရှိသွားကာ စိတ်ကျေနပ်စွာဖြင့် ဧည့်သည် လက်ခံရာအခန်းကနေ ထွက်ခွာသွားသော အနက်ရောင်ဝတ်ရုံနှင့် လူကြီးကိုကြည့်နေလိုက်ရင်း မိန်းကလေးရဖေးသည် ပခုံးကို ဖြေလျော့လိုက်တော့သည်။ သူမခန္ဓာကိုယ်သည် ထိုင်ခုံပေါ်တွင် ပူးကပ်ကွေးပြီး ထိုင်နေလေရာ ခွေထိုင်နေသောမြေခွေးတစ်ကောင်နှင့် ပင်တူနေတော့သည်။ အားမရှိသလို ထိုင်နေသော ပုံစံမှာ တမူထူးခြားသော စိတ်တိမ်းညွတ်အောင် ဆွဲဆောင်နေသကဲ့သို့ ဖြစ်နေ၏။

" အဲ့ဒီ လူကြီးမင်းကတော့ တကယ့်ကို စွန့်စားရဲတာပဲ.. "

ရဖေးသည် သူမခေါင်းကို လှန်ချလိုက်ကာ အေးစက်နေသော ထိုင်ခုံနောက်ကျောကို မှီချလိုက်သည်။

ဘေးနားတွင်ရှိ ကုနီသည်လည်း နဖူးကို ကုတ်နေရင်း အသက်ပြင်းချလိုက်ပြီး..

" ချီစုစည်းဆေးလုံး ၅ လုံး.. အင်း... သူက တကယ့်ကို အဆင့်၎ မှော်ဆေးပညာရှင်ပေပဲ.. ဒါပေမဲ့ သူ စီးပွားရေးလုပ်တဲ့ပုံက နည်းနည်းတော့ ဟိတ်ဟန်များတယ်.. "

ရဖေးသည်လည်း ခေါင်းကို ညိတ်လိုက်ကာ

" အစတုန်းက တောင့်ခံနိုင်မယ်လို့ တွေးလိုက်မိသေးတယ်.. ဒါပေမဲ့ ၅ လုံးတောင် ပေးမယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ.. ? "

ထိုသို့ ပြောပြီးနောက် သူမ၏ သေးငယ်နီစွေးသော နှုတ်ခမ်းလေးကို စုထားလိုက်သည်။

ကုနီသည် ရယ်မောကာ ပြန်ပြောလေသည်။

" ငါသာ မင်းနေရာမှာဆိုရင် သူ ဆေး ၃ လုံးပေးမယ်လို့ ပြောကတည်းက ငါခေါင်းညိတ်နေလောက်ပြီး.. မင်းကတော့ ငါထင်တာထက်ကို ကျော်ပြီး ဆေး ၅လုံးအထိ နေနိုင်ခဲ့တယ်.. အရမ်းဂုဏ်ယူစရာပဲ.. "

" ဘယ်ကလာ နေနိုင်ရမှာလဲ.. သူကမ်းလှမ်းတာ ကြားပြီးကတည်း က စိတ်က လွတ်ထွက်နေပြီး.. ခေါင်းကတောင် ကောင်းကောင်း မတွေးနိုင်တော့ဘူး.. ဒါပေမဲ့ ဘယ်သူက ထင်မှာလဲ.. သူက နောက် ထပ် ဆေး၂ လုံး ထပ်တိုးပေးလိမ့်မယ်လို့.... "

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းWhere stories live. Discover now