CH 145

751 111 5
                                    

အပိုင်း ( ၁၄၅ )

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens

အချိန်ကာလအနည်းငယ်လောက်ကို တစ်ယောက်တည်းနေလာခဲ့သည့် ရှောင်ယွင်ဟာ ကျွင်းရှိမြို့၏ လူစည်ကားသော လမ်း၌ လျှောက်လှမ်းလာသည့်အခါတွင် သူဟာ ခံစားချက်ပေါင်းစုံ ရောပြွမ်းလျက် အသက်ပြင်းချလိုက်မိရင်း ဘေးပတ်ဝန်းကျင်မှာ ဆူညံသံများကို နားထောင်လာခဲ့သည်။ လူဆိုသည်ကလည်း အုပ်စုဖွဲ့နေရသည်ကို ကြိုက်နှစ်သက်သူများ ဖြစ်ကြသည်မဟုတ်လား။ တကယ်၍ တောထဲမှာ ဆယ်စုနှစ်လောက် ကြာအောင် တစ်ယောက်နေခဲ့ဖြစ်ပါလျှင် သူ စကားပင် ပြောတတ်နိုင်ပါ့တော့မလား။

ရှောင်ယွင် ခေါင်းကို ခါယမ်းလိုက်ပြီ ရယ်ချင်စရာမေးခွန်းတွေကို ခေါင်းထဲကနေ ဖယ်ထုတ်လိုက်လေသည်။ နောက်ကျောက အဝတ်နက်နှင့် ဖုံးထားသည့် ပေတံဓားကြီးကိုလည်း ပွတ်သပ်လိုက်သည်။ သူသည် လမ်းဆုံးလေးခွမှာ ရပ်ရင်း ဘေးပတ်လည်ကို လေ့လာကြည့်သည်။ ခဏအကြာအထိ စဉ်းစားပြီးနောက်တွင်တော့ လမ်းသွားလမ်းလာတစ်ယောက်ကို တား၍ ဆေးတစ်ထောင်အိမ်တော်၏ တည်နေရာကို စုံစမ်းမေးမြန်းလိုက်သည်။ ထို့နောက် တစ်ဖက်လူ ညွန်ပြလိုက်သည့် နေရာသို့ ခြေလှမ်းကျဲကျဲဖြင့် ဦးတည်ထွက်သွားလိုက်လေသည်။

လမ်းအနည်းငယ်လောက်ကို ဖြတ်လျှောက်လိုက်သောအခါ အစောပိုင်းက ဆူညံအသံများ တဖြည်းဖြည်းလျော့ပါးသွားလေသည်။ ရှောင်ယွင် တဖြည်းဖြည်း လျှောက်လှမ်းလာရင်း လမ်းကျဉ်းတစ်ခုထဲက တိတ်ဆိတ်ငြိမ်သက်သည့် လမ်းသွယ်ထဲကို ဝင်လာခဲ့သည်။ ခဏအကြာတွင် ထူးခြားသည့် အိမ်တော်ငယ်တစ်ခုကို သူ စတင်တွေ့ရှိလိုက်သည်။

အိမ်တော်၏ ဝင်ပေါက်မှာမူ လုံခြုံရေးက တင်းကြပ်လှသည်။ အစောင့် ဆယ်ယောက်ကျော်တို့က ဝတ်စုံအပြည့်နှင့် စောင့်ကြပ်လျက် ရှိနေသည်။

ထိုအစောင့်တွေကြောင့် ရှောင်ယွင် မျက်မှောင်ကြုတ်သွားသည်။ သူသည် ဆေးတစ်ထောင်အိမ်တော်ပိုင်ရှင်ကို မရိပ်မိစေချင်သောကြောင့် ခပ်တည်တည်ဖြင့် ဆက်သွားကာ အိမ်တော်၏ အနောက်ဘက်သို့ ရောက်အောင် သွားလိုက်သည်။ ပိုပြီ သေချာအောင် ဘေးပတ်ဝန်းကျင်ကို အကဲခတ်လေ့လာကြည့်ပြီလျှင် ဝင်းနံရံကို တိတ်ဆိတ်စွာ ခုန်လွှားဝင်လိုက်သည်။

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းWhere stories live. Discover now