Chapter 30 ဝဋ်ဆိုတာ လည်တတ်ပါတယ်

1.7K 330 7
                                    

30 ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
——————————————
Chapter 30. ဝဋ်ဆိုတာ လည်တတ်ပါတယ်

ရှင်းအာနှင့်အတူ လျှောက်ဝင်လာတဲ့ ရှောင်ယွင်ကို ကြည့်
ပြီး လေ့ကျင့်ရေးကွင်း ထဲက ယောင်္ကျားလေးများ အားလုံး
ဟာ မနာလိုပြီး အထင်သေးတဲ့ မျက်နှာတွေ ဖြစ်ကုန်ကြ၏။
မျိုးနွယ်တစ်ခုလုံးမှာ ရှင်းအာနှင့် အရင်နှီးဆုံးလူက နာမည်
ကြီးအမှိုက်ကောင် ဖြစ်နေသည်မဟုတ်လား.. ။

ကွင်း၏ အစွန်းမှာ အရွယ်တူကောင်လေးများက ဝန်းရံ
လျက်ရှိနေသည့် ရှောင်နင်တစ်ယောက် မျက်လုံးမှာ ဒေါသ
အခိုးအငွေ့တွေနဲ့ ရှောင်ယွင်ကို စိုက်ကြည့်နေ၏။

" ကောင်စုတ်လေး... ဒီနေ့ စမ်းသပ်ပွဲပြီးသွားရင် နောက်နေ့
ရှင်းအာကို မျက်နှာပြရဲဦးမလားဆိုတာ ကြည့်ရသေးတာ
ပေါ့... "

မနှစ်မြို့စရာစကားကို ရွတ်လိုက်ပြီး ရှောင်ယွင်ဆီကို ကျ
ရောက်တော့မည့် ကံဆိုးမှုအကြောင်းကို တွေးလိုက်ကာ
ပြုံးလိုက်၏။

ဒေါသအကြည့်တွေ မနာလိုတဲ့အကြည့်တွေ အားလုံးကို
လျစ်လျူရှုပြီး ရှောင်ယွင် ရှင်းအာကို အနောက်ဘက်တန်း
ကို ခေါ်ဆောင်သွားပြီး နှစ်ယောက်သား စကား အေးဆေး
ပြောနေ၏။

ပေါ့ပေါ့ပါးပါး ဖြစ်နေသည့် ရှောင်ယွင်ကို ကြည့်ပြီး စင်မြင့်
ပေါ်ကလူတွေဟာ အံ့သြသွားကြသည်။ ဒီစမ်းသပ်ပွဲဟာ
သူ့အနာဂတ်ကို ပြောင်းလဲစေနိုင်တယ်ဆိုတာ သူမသိဘူးလား...

" ဟီဟီ... ရှုံးမယ်ဆိုတာ သိနေလို့နေမှာပေါ့ "
ဒုတိယအကြီးအကဲက တမင်တကာ ပြောလိုက်၏။

ရှောင်ကျန်း သူ့အပေါ် ဒေါသ ထိန်းမရ သိမ်းမရ ထွက်လိမ့်
မည်ဟု ဒုတိယအကြီးအကဲ တွေးထင်ထားပေမဲ့ အချိန်
အတော်ကြာအထိ ရှောင်ကျန်းဆီက စကားတစ်ခွန်းမှ
မထွက်လာ၍ ထိတ်လန့်သွားပြီး ရှောင်ကျန်းကို စောင်းငဲ့
ကြည့်လိုက်မိ၏။

" ဒုတိယအကြီးအကဲ သင် အခုလိုမှန်းဆပြောနေမဲ့အစား
ရလဒ်ကိုပဲ စောင့်ကြည့်နေသင့်တယ်... အဲလိုမှ မလုပ်ဘဲ
တောင်ပြောမြောက်ပြောနေမယ်ဆိုရင် အချိန်ကျလာတဲ့
အခါ သင် မျက်နှာပျက်နေလိမ့်မယ်.. "

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းWhere stories live. Discover now