အခန်း ( ၁၅၁ ) မီးတောက်သစ်စေ့ သန့်စင်ခြင်း
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းရွဲ့လော်၏ စကားကို ကြားလိုက်ရသည့်အခါမှာ ရှောင်ယွင် အနည်းငယ်တော့ ကြက်သေသေသွားမိသည်။ ပြီးနောက် ငိုသံပါသော အသံဖြင့် " ဆရာ ပြောတဲ့ပုံစံကလည်း တိရစ္ဆာန်တစ်ကောင်ကို အိမ်မှာမွေး..၊ အသားတိုးတဲ့အချိန်ကိုစောင့်..၊ ပြီးရင် သတ်စားလိုက်လို့ ပြောနေတာနဲ့ တူနေသလိုပဲဗျာ.. "
" ဟီ...၊ ဟုတ်တယ်.. အဲ့ဒီသဘောအတိုင်းပဲ.. ဟီ.. " ရွဲ့လော်မှာ ခပ်ပြုံးပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။
ရှောင်ယွင်လည်း ခေါင်းကို တဆတ်ဆတ်ညိတ်လိုက်မိသည်။ ထို့နောက် သူ့ရဲ့ ချီကျင့်စဉ်ကို အဆင့်တိုးစေနိုင်မည့် မျှော်လင့်ချက်တစ်ခုဖြစ်သော သူ့လက်ချောင်းထိပ်က ခရမ်းရောင်မီးတောက်ကို ငေးစိုက်ကြည့်နေလိုက်သည်။ ကောင်းကင်ဘုံမီးတောက်သည် သူနှင့် အလှမ်းဝေးနေသေးသည်မို့ အခု ဒီခရမ်းရောင်မီးတောက်ကသာ လက်ရှိသူ့အခြေအနေနှင့် အသင့်တော်ဆုံး ဖြစ်နေသည်မဟုတ်လား။
" ဒါဆို ဒီမီးတောက်ကို ဘယ်လို သန့်စင်ရမလဲ.. " ရှောင်ယွင် အသက်ပြင်းချလိုက်ပြီတော့ ခေါင်းမော့ပြီး ရွဲ့လော်ကို မေးလိုက်သည်။
" နေပါဦး..၊ ခရမ်းရောင်မီးတောက်က သခင်မရှိနေဘူးဆိုတော့ မင်းကိုတော့ ခုခံနေမှာ မဟုတ်ဘူး..၊ ခရမ်းရောင်မီးတောက်ကို မီးတောက်သစ်စေ့ပြောင်းပြီ ချီကျင့်စဉ်အဆင့်တိုးဖို့က အန္တရာယ်တော့ များလောက်မှာ မဟုတ်ဘူး.. " ရွဲ့လော်သည် ပါးစပ်ကနေ ပြောလည်း ပြော လက်ကလည်း ရှောင်ယွင်ခေါင်းကို ထိကပ်ထားလိုက်ပြီးနောက် " ငါ့ညွန်ကြားချက်အတိုင်း လိုက်လုပ်.. " ဟု ပြောလိုက်သည်။
ရှောင်ယွင် ခေါင်းထဲသို့ များပြားလှသော အချက်အလက်များ စီးဆင်းလာသကဲ့သို့ ခံစားလိုက်ရသည်။ ထိုအရာတွေကို သေချာစွာ လေ့လာလိုက်ရင်း သူ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် မျက်လုံးတွေကို တစ်ဖြည်းဖြည်းဖြင့် မှိတ်ချလိုက်ပြီး ခြေချင်းချိတ် ထိုင်ချလိုက်သည်။ ထို့နောက် သူ့မျက်လုံး၊နှာခေါင်း၊ နှလုံးအိမ် စသည်တို့ကို စိတ်ဖြင့် ကြည့်ရင်း တစ်ဖြည်းဖြည်းဖြင့် သူ့စိတ်သည် သူ့ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားလေသည်။

YOU ARE READING
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Aventuraကုန်းမြေဒေသတခု မှော်ပညာတွေလည်း မရှိပါဘူး.. အင်အားကြီးသူသာ အုပ်ချုပ်ရပြီး အင်အားငယ်သူတွေလိုက်နာရ၏။ ရတနာအမျိုးမျိုးနှင့် ဆွဲဆောင်မှုရှိတဲ့ မိန်းမလှလေးများ ပြည့်နှက်နေတဲ့ ကုန်းမြေ.. ကြိုမသိနိုင်တဲ့ အန္တရယ်အထွေ အထွေ.. .. လွန်ခဲ့သော သုံးနှစ် ရှောင်ယွင် ရာ...