အပိုင်း ( ၈၆ ) - စိန်ခေါ်ခြင်း
ဂျားလီယောင် အနောက်ကို ဖြည်းဖြည်း ပြန်လှည့်လိုက်သည်။ လျိုစီးကိုလည်း ငဲ့ကြည့်ပြီး အနည်းငယ် ကောက်ကျစ်သည့် အပြုံးဖြင့် မေးလိုက်သည်။
" အကိုကြီလျိုစီး.. သူနဲ့ နည်းနည်းလောက် ကစားလိုက်ဦးမယ်.. "
လျိုစီးကလည်း ခေါင်းကို ညိတ်လိုက်ပြီး ပြုံးလိုက်သည်။
" အခွင့်အရေးရလာခဲ့ရင် အနောက်မဆုတ်နဲ့ "
ဂျားလီယောင်လည်း ပြုံးလိုက်ပြီး မျက်လုံးက မှေးကျဉ်းသွားသည်။ လျိုစီး၏ စကားက သူ့အဖေ ဂျားလီဘီနှင့် သူ့အဖေ လျှို့ဝှက်စွာ ပြောခဲ့ဖူးသည့်စကားအား အမှတ်ရလိုက်စေသည်။ ရှောင်ယွင်က သူ့စွမ်းရည်တွေကို ပြန်လာခဲ့ပြီးပြီ ဆိုသည့်အကြောင်းကို ဂျားလီဘီ က သတင်းရထားနှင့်ပြီး ဖြစ်သည်။ အတော်လေးကို ငြိမ်သက် နေပြီးမှ တည်ငြိမ်အေး စက်သောလေသံဖြင့် ဂျားလီဘီက သူ့အား ပြောခဲ့ဖူးသည်ကိုလည်း သတိရလိုက်သည်။
" အကယ်လို့ အဲ့ဒီကောင်လေးက မင်းရဲ့ စိန်ခေါ်တာကို လက်ခံ ခဲ့ရင် မင်း လုံးဝကို မညှာရဘူး.. တစ်ခါတည်း သတ်နိုင်ခဲ့ရင် အကောင်းဆုံးပဲ.. မသတ်နိုင်ခဲ့ရင်တောင် ဒုက္ခိတဖြစ်အောင်လုပ်ခဲ့ ဒါဟာ ငါတို့ ဂျားလီကလန်ရဲ့ ကြောက်စရာကောင်းတဲ့ ရန်သူ တစ်ယောက်ကို ဖယ်ရှားပစ်ဖို့ ကူညီလိုက်သလိုပဲ "
သူ့အဖေ၏ လေးလေးနက်နက်ဖြင့် အေးစက်လှသော စကားသံ အား အဖန်ဖန် ကြားယောင်ရင်း ဂျားလီယောင်၏ အပြုံးမျက်နှာက ပိုပြီး ရက်စက်ယုတ်မာလာသည်။ ထိတ်လန့်ဖွယ်ကောင်းသော သူ့အကြည့်က ရှောင်ယွင်ကို စူးရဲစွာ ကျရောက်နေသည်။ လူငယ်ပါရမီရှင်လေးကို သူ့လက်နှင့် သတ်ရသည်ဟုပင် စိတ်ထဲ ခံစားနေရသည်။
ဂျားလီယောင်၏ ယုံကြည်ချက်က သူ့ရဲ့ စွမ်းအားကို အမှီပြု၍ ဖြစ်ပေါ်ခြင်း ဖြစ်သည်။ ဒိုကျဲ ကြယ်သုံးလုံးအဆင့်အပြင် သူ လေ့ ကျင့်ထားသော ချီကျင့်စဉ်မှာလည်း လေကို အထူးပြုသည့် လေမုန်တိုင်းအော်ဟစ်သံ ရွှင်းအဆင့်မြင့်ကျင့်စဉ်တစ်ခုလည်း ဖြစ်နေသည်။ နောက်ထပ် သူသင်ထားသော ဒိုသိုင်းတွေနှင့် ပေါင်းစပ်လိုက်ပါက ဒိုကျဲ ကြယ်ငါးလုံး အဆင့်သမားကိုပင် သူ အနိုင်ယူနိုင်စွမ်း ရှိနေပြီးဖြစ်သည်။

YOU ARE READING
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Aventuraကုန်းမြေဒေသတခု မှော်ပညာတွေလည်း မရှိပါဘူး.. အင်အားကြီးသူသာ အုပ်ချုပ်ရပြီး အင်အားငယ်သူတွေလိုက်နာရ၏။ ရတနာအမျိုးမျိုးနှင့် ဆွဲဆောင်မှုရှိတဲ့ မိန်းမလှလေးများ ပြည့်နှက်နေတဲ့ ကုန်းမြေ.. ကြိုမသိနိုင်တဲ့ အန္တရယ်အထွေ အထွေ.. .. လွန်ခဲ့သော သုံးနှစ် ရှောင်ယွင် ရာ...