အပိုင်း ( ၉၃ ) - လမ်းတစ်ဝက်မှာ ဆေးအမယ်တွေ လုယက်ခြင်း
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
မွန်းတည့်အချိန်..
နေကလည်း ခြစ်ခြစ်တောက်..
မြင်းခုနှစ်ကောင် ရှစ်ကောင်လောက် ပါဝင်သော မြင်းလှည်း များသည် ကုန်းအဆင်းတွင် ခပ်သွက်သွက်လေး ပြေးဆင်း လာသည်။ ပူပြင်းလွန်းသော နေအရှိန်ကြောင့် မြင်းလှည်း ဘေးဘက်တွင် လိုက်ပါလာသော အစောင့်များဟာ ချွေးတလုံးလုံးဖြင့် ရှိနေသည်။ တဖန် လှည်းထဲကနေ မြင်းကို ကြိမ်းမောင်းလိုက်သံလည်း ထွက်ပေါ်နေသည်။
ထိုအစောင့်အဖွဲ့တွင် ဂျားလီနူက ဒဒိုရှီ ကြယ်သုံးလုံးအဆင့် ဖြစ်ပြီး ဂျားလီကလန်၏ အကြီးအကဲ နှစ်ယောက်ထဲမှ တစ်ယောက် ဖြစ်သည်။ ဝူတန်မြို့တွင် အသန်မာဆုံးလို့ ပြောလို့ရသည်။ ထိုကဲ့သို့ သူက ကိုယ်တိုင်လိုက်ပါပြီး ဆေးအမယ်အား သွားယူဆောင်ခြင်းကို ကြည့်လျှင် ယင်းဆေးအမယ်တွေအပေါ် ဂျားလီကလန်က မည်မျှ တန်ဖိုးထားသည်ကို တွက်ဆနိုင်သည်။ သို့သော်လည်း လျိုစီး ပျောက်ဆုံးနေသည့် သတင်းအာ သူတို့လည်း မရသေးဟန်ရှိသည်။ သတင်း ကြားမိခဲ့လျှင် ထိုအကြီးအကဲက ဈေးကြီးပေးဝယ်ရသော ဆေးအမယ်တွေကို ကမန်းကတန်း သယ်ပြန်လာမှာ သေချာသည်။
ဂျားလီနူသည် မြင်းဆွဲလာသော မြင်းလှည်းတစ်စီးထဲတွင် တင်ပျဉ်ချိတ်ပြီး ထိုင်လာသည်။ ရထားလုံးက မည်မျှပင် လှုပ်ရမ်းနေပါစေ.. သူ့ခန္ဓာကိုယ်က လှုပ်ရှားခြင်း မရှိချေ။ အေးအေးဆေးဆေး သက်တောင့်သက်သာဖြင့် နှစ်ရက်မျှ ခရီးသွားခဲ့ပြီး နောက်ပိုင်းတွင် သူ့မှာ စိတ်မရှည်ဖြစ်လာတော့သည်။
" ရှောင်ကလန်ဆိုတဲ့ သောက်ကလန်ကြောင့်ပေါ့ကွာ.. မကြာဘူး. မင်းတို့အားလုံးကို ဖျက်ဆီးပစ်မှာ.. "
ဂျားလီနူမှာ အံကို ကြိတ်ပြီး ဒေါသထွက်စွာဖြင့် ကြုံးဝါးနေမိသည်။ ထို့နောက် သေသပ်စွာ ထုပ်ပိုးထားသော ဆေးအမယ်တွေကို ပြတင်းပေါက်ကနေ ချောင်းကြည့်ပြီး ဂရုတစိုက်ကြည့်လိုက်သည်။ စိတ်ပျက်နေသော အကြည့်ကလည်း သူ့မျက်နှာတွင် ဖြစ်ပေါ်လာ ခဲ့သည်။

YOU ARE READING
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Aventuraကုန်းမြေဒေသတခု မှော်ပညာတွေလည်း မရှိပါဘူး.. အင်အားကြီးသူသာ အုပ်ချုပ်ရပြီး အင်အားငယ်သူတွေလိုက်နာရ၏။ ရတနာအမျိုးမျိုးနှင့် ဆွဲဆောင်မှုရှိတဲ့ မိန်းမလှလေးများ ပြည့်နှက်နေတဲ့ ကုန်းမြေ.. ကြိုမသိနိုင်တဲ့ အန္တရယ်အထွေ အထွေ.. .. လွန်ခဲ့သော သုံးနှစ် ရှောင်ယွင် ရာ...