Ch 134

847 106 13
                                    

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
အပိုင်း ၁၃၄

=================================

ရှောင်ယွင် နောက်ဆုံးမှာ သတိပြန်လည်လာတဲ့အခါမှာတော့ သူ့ရဲ့ခါးမှာ နွေးထွေးနူးညံ့တဲ့ လက်တစ်စုံရှိနေတာကို ခံစားလိုက်ရသည်။ သူ့ဦးခေါင်းကလည်း တစ်ခုခုကို မှီအုံးထားသလို ဖြစ်နေပါသည်။ ပိုပြီး ထင်ရှားသိသာတာက  နူးညံ့ပျော့အိသည့် ခပ်မို့မို့ တောင်ပူစာနှစ်ခုကို သူ့နောက်ကျောပြင်က ခပ်တင်းတင်း ဖိကပ်ထားသလိုရယ်ပါ။

တဖြည်းဖြည်းနှင့် ရှောင်ယွင် အသိစိတ်က ကြည်လင်လာခဲ့သည်။ ရှောင်ယွင် သူ့နှုတ်ခမ်းက အေးစက်သည့် အထိအတွေ့ကို ခံစားလိုက်ရသည်။ သူ့ပါးစပ်အတွင်းထဲကို ကြည်လင်အေးမြသည့် ရေကြည်လေးတွေကို လောင်းထည့်ပေးနေသလိုပါ။ သို့သော် ရေလောင်းပေးသူ၏ မကျွမ်းကျင်မှုကြောင့် ရေများက ရှောင်ယွင် နှာခေါင်းထဲကို ဝင်သွားကြကုန်သည်။

" အဟွတ်.. အဟွတ်.. "

ရှောင်ယွင် မျက်လုံးကို ကမန်းကတန်းဖွင့်ပြီးလျှင် ခေါင်းကို ငုံ့ပြီး အသည်းအသန် ချောင်းဆိုးလိုက်ရတော့သည်။ ပြီးလျှင် သူ့အနောက်ကနေ ရေတစ်ခွက်ကိုင်ထားပြီးတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်း ဖြစ်နေသည့် ယွင်ချီကို လှည့်ကြည့်လိုက်သည်။ ရှောင်ယွင် နှုတ်ခမ်းက တွန့်ခနဲ ဖြစ်သွားပြီး ခပ်သည်းသည်းလေး ရယ်မောလိုက်ကာ   " ငါ့ကို သေကြောင်းကြံနေတယ်မလား.. ဟုတ်တယ်မလား.. "   ဟု မေးမြန်းလိုက်သည်။

ရှောင်ယွင် စကားကြောင့် ယွင်ချီလည်း မျက်နှာပူသွားမိသည်။ ဒါဟာ သူမအတွက် လူတစ်ဖက်သားကို ဂရုစိုက်ပေးခဲ့မိသည့် ပထမဆုံးအကြိမ်ဖြစ်လေရာ  ရေခွက်ကို ဤမျှ တည့်အောင် တိုက်နိုင်ခဲ့သည်က သူမအတွက် အောင်မြင်မှုဟုပင် ဆိုနိုင်သည်။

သူမလက်ထဲက ရေခွက်ကို ဘေးနားချလိုက်ပြီးနောက် ယွင်ချီသည် အပြုံးဖြင့် မေးလိုက်သည်။

" အခု အဆင်ပြေသွားပြီးလား.. "

" အတော်လေး သက်သာလာသလိုပါပဲ.. "   ရှောင်ယွင်ကို ခေါင်းကို ခါယမ်းပြီးတော့ နည်းနည်း မူးတူးတူး ဖြစ်နေသေးသည့် ခေါင်းကို ပွတ်သပ်လိုက်ရင်း ပြန်ဖြေလိုက်သည်။

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းWhere stories live. Discover now