Chapter 119

1K 165 4
                                    

အပိုင်း ( ၁၁၉ ) - ခရမ်းတိမ်တောင်ပံ
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens

တောင်ကြားထဲကို ခုန်ပျံကျော်လွှားပြီးနောက် ရှောင်ယွင် သည် ရေတံခွန်ဆီသို့ ပေါ့ပါးစွာ ဦးတည်သွားလိုက်သည်။  ဘေးပတ်ဝန်းကျင်တဝိုက်ကိုလည်း အဆက်မပြတ် ထောက် လှမ်းကြည့်ကာ မှော်သားရဲကောင်တစ်ကောင်မှ မတွေ့ရ ၍ ရှောင်ယွင် စိတ်အေးလက်အေးဖြင့် အသက်ပြင်းချနိုင်တော့သည်။

မတ်စောက်သော ချောက်ကမ်းပါးသို့ ရောက်သွားသည့် အခါတွင် ရှောင်ယွင်သည် ဂူတွေကို အချိန်ယူကာ ဂရုတစိုက်ဖြင့် ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် သူနှင့် လေးငါးမီတာလောက်အကွာမှာ ရှိနေတဲ့ ဂူတစ်လုံး ကို ရွေးချယ်လိုက်သည်။ ချွဲကျိနေသော ကျောက်တုံးတစ် တုံးအပေါ်သို့ တက်လိုက်ကာ မျောက်လွှဲကောင် တစ် ကောင်ကဲ့သို့ဖြင့် သူ ရွေးချယ်ထားသော ဂူပေါက်ဆီသို့ ခုန်လွှားလိုက်သည်။

ဂူအတွင်းတွင်အေးစက်နေကာ သိပ်တော့ မကျဉ်းလှ။ ပြီးတော့ သူ့တစ်ကိုယ်စာ နေထိုင်ဖို့အတွက်လည်း သန့် ရှင်းနေသည်။

ရှောင်ယွင်မှာ ဂူအောက်ခြေကြမ်းခင်းကို သေချာစွာ လေ့ လာကြည့်လိုက်သည်။ ဤဂူတွင် သားရဲကောင် နေထိုင် သည့် အမှတ်လက္ခဏာ မတွေ့ရပေ။ ထိုအခါမှ ရှောင်ယွင် လည်း စိတ်အေးလက်အေး ဖြစ်သွားသည်။ ပြီးလျှင် ဂူ အတွင်းပိုင်းကို ခပ်မြန်မြန် ရှင်းလင်းလိုက်ပြီးနောက် စခန်း ချရာတွင် သုံးသော ပစ္စည်းများကို သိုလှောင်လက်စွပ်မှ ထုတ်လိုက်ကာ နူးညံ့ပြီး ခြောက်သွေ့သော အိပ်ရာကို ပြင်ဆင်လိုက်လေသည်။

လိုအပ်သည့် အရာများကို အရင်လုပ်လိုက်ပြီးနောက် ရှောင်ယွင်သည် ကျောက်တုံးကြီးများကို အသုံးပြုပြီး ဂူပေါက်ဝကို ပိတ်ဆို့ထားလိုက်ပြီ လူတစ်ယောက်ကပဲ ကောင်းကောင်းဖြတ်သွားလို့ရရုံလေးပဲ နေရာချန်ထား လိုက်သည်။ ဤနေရာတွင် ရက်အတော်ကြာနေထိုင်မည် ဖြစ်ရာ ဘေးကင်းလုံခြုံမှုသည်လည်း အရေးတကြီးလုပ် ရမည့် ကိစ္စတစ်ခု ဖြစ်သည်။

ဂူပေါက်ဝ ပိတ်သည့် အလုပ် ပြီးသွားသည့်အခါတွင် ရှောင်ယွင် လက်နှစ်ဖက်ကို ပွတ်ခါ၍ ဖုန်မှုန့်တွေကို ခါထုတ်ပစ်လိုက်သည်။ အနည်းငယ်အမှောင်ကျသွား သော ဂူထဲကို ပြန်ကြည့်လိုက်ပြီး တစ်ချက် စဉ်းစား လိုက်ပြီးနောက် ရတနာဂူက ရလာသည့် လကျောက်သုံး တုံးကို သိုလှောင်လက်စွပ်ကနေ ထုတ်ယူလိုက်ကာ ဂူနံရံ မှာ ရှိနေတဲ့ မြောင်းကြားတစ်ခုထဲ နေရာလိုက်ချလိုက် သည်။ ချက်ချင်းပင် လကျောက်တုံးမှ ထွက်ပေါ်လာ သော အလင်းဖျော့ဖျော့ကြောင့် ဂူအတွင်းပိုင်းတွင် အလင်းတောက်ပလာတော့သည်။

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းWhere stories live. Discover now