Chapter 73
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
By Heavenly Silkworm Potatosကျဉ်းမြောင်းသော ဂူထဲတွင် ဆေးမီးအိုးမှ အလျှံတညီးညီး မီးတောက်တွေကြောင့် ဂူနံရံတွင် အရိပ်များ လူးလွန့်ထင်ကျနေ၏။ လှုပ်ရှားနေသော ယင်းအရိပ်များသည် အစွယ်တငေါငေါနှင့် တောရိုင်းကောင်များ၏ လက်သည်းစွယ်ပုံရိပ်များနှင့်ပင် အလားသဏ္ဍာန် တူနေချေတော့သည်။
ရှောင်ယွင် စိတ်ရောကိုယ်ပါ အာရုံနှစ်ပြီး ထိုးထွက်နေသော မီးလျှံကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်လို့ နေသည်။ ဖြူဖျော့သော သူ့၏ မျက်နှာပြင်တွင် ချွေးသီးများယိုစီးကျလျက် ရှိသည်။ အချိန် ကြာရှည်စွာ ဆေးလုံးဖော်စပ်ခြင်းသည် ဒိုချီစွမ်းအင်အမြောက်အများကို ကုန်ဆုံးစေနိုင်သော ကိစ္စတစ်ခု ဖြစ်၏။ ရှောင်ယွင်၏ ချီကျင့်စဉ်သည် အဆင့်နိမ့် ရွှင်းအဆင့် ဖြစ်နေ၍ သူ့၏ ချီအခြေခံ နှင့် တောင့်ခံနိုင်မှုမှာလည်း အထူးအခြားမဟုတ်ပါချေ။ ထို့ကြောင့်၍ ဆေးမီးအိုးအရှေ့တွင် အချိန်နှစ်နာရီမျှ ထိန်းထားနိုင်ဖို့ဆိုတာ သူ့အတွက် လွယ်ကူလှသည့် မဟုတ်ရာ..။
ရွဲ့လော်သည် မျက်လုံးကို ကျဉ်းပြီး သွေးခဲမြက်ပင်ကို အဖြူမှုန့်နုနု ဖြစ်အောင် နောက်တစ်ကြိမ် သန့်စင်နိုင်ခဲ့သည့် ရှောင်ယွင်ကို ဝေ့ကြည့်လိုက်သည်။ ရှောင်ယွင်၏ စွမ်းဆောင်နိုင်မှုသည် ဂိတ်ဆုံးရောက်နေပြီးမှန်းသိ၍ ရွဲ့လော်သည် ခေါင်း အသာညိတ်လိုက်၍ ညင်သာစွာ ဆိုလိုက်သည်။
" တော်တယ်.. အနားယူလိုက်ဦး.. "
စကားခွန်းကို ကြားလိုက်ရသည့်အခါ ရှောင်ယွင်၏ ပခုံးနှစ်ဖက်သည် လျော့ရဲကျသွားကာ သူ့၏ ခန္ဓာကိုယ်သည်လည်း စွမ်းအင်လုံးဝ မကျန်တော့သည့်အလား ရေခဲတမျှအေးစက်သော မြေသားပြင်ပေါ် လှဲချလိုက်တော့သည်။ အသက်ကို တဝရှုလိုက်ရင်း သူ့ရင်ဘတ်သည်လည်း နိမ့်မြင့် တလှည့်စီဖြင့် မောဟိုက်၍ နေသည်။ ယခုအချိန်မှာ သူသည် လက်ညိုးကိုပင် မြှောက်နိုင်စွမ်း မရှိတော့ပါဘူး။
" လေ့ကျင့်ခြင်းက အကျိုးများစေနိုင်တယ်.. "
ရွဲ့လော်သည် အေးဆေးစွာ ဆိုလိုက်ရင်း မြေပြင်ပေါ် လဲအိပ်နေသော ရှောင်ယွင်ကို ဝေ့ကြည့်လိုက်သည်။

YOU ARE READING
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Adventureကုန်းမြေဒေသတခု မှော်ပညာတွေလည်း မရှိပါဘူး.. အင်အားကြီးသူသာ အုပ်ချုပ်ရပြီး အင်အားငယ်သူတွေလိုက်နာရ၏။ ရတနာအမျိုးမျိုးနှင့် ဆွဲဆောင်မှုရှိတဲ့ မိန်းမလှလေးများ ပြည့်နှက်နေတဲ့ ကုန်းမြေ.. ကြိုမသိနိုင်တဲ့ အန္တရယ်အထွေ အထွေ.. .. လွန်ခဲ့သော သုံးနှစ် ရှောင်ယွင် ရာ...