Battle Through The Heavens
by Heavenly Silkworm Potato
——————————————
Chapter 11 ဈေး
ဒိုချီတိုက်မှာ မွန်းစတားအမြုတေ ကို မှော်စွမ်းအင်
ပုံဆာင်ခဲလို့လည်း သိကြသည်။ မွန်းစတားအမြုတေဆိုတာ
မွန်းစတားကောင်ရဲ့ ခန္ဓာကိုယ်ထဲက ဗဟိုစွမ်းအင်အစုအခဲ
ဖြစ်သည်။ အဲဒီအမြုတေထဲမှာ အရိုင်းထည်သက်သက်ဖြစ်
တဲ့ ကမ္ဘာ့စွမ်းအင်တွေ ကိန်းဝပ်နေခြင်းဖြစ်သည်။ အင်မ
တန်ကို အရိုင်းဆန်တဲ့ ကမ္ဘာ့စွမ်းအင်ကြောင့် Dou Wang
အဆင့်ရှိသူတောင်မှ မွန်းစတားအမြုတေ ကိုစွန့်စားပြီး
မစုပ်ယူရဲပေ။
မွန်းစတားအမြုတေကို တိုက်ရိုက်မစုပ်ယူနိုင်ပေမဲ့
မှော်ဆေးပညာရပ်မှာတော့ ဒါဟာ အဓိကပါဝင်ပစ္စည်း
ဖြစ်သည်။ မွန်းစတားအမြုတေစွမ်းအင်ကို မှော်ဆေးပညာ
က ပြန်လည်သန့်စင်ပေးကာ ဆေးဖက်ဝင်အပင်အချို့နှင့်
ပေါင်းစပ်ပေးပြီးနောက် ခွန်းအားကို တိုးမြှင့်ပေးနိုင်တဲ့
ဈေးကြီးပြီး လိုချင်ဖွယ်ကောင်းတဲ့ ဆေးလုံးရလာမည်။
နောက်အသုံးဝင်သေးတာက မွန်းစတားအမြုတေကို
လက်နက်မှာ ထည့်သွင်းတပ်ဆင်နိုင်သည်။တပ်ဆင်ခြင်း
အားဖြင့် လက်နက်၏ဖျက်ဆီးနိုင်စွမ်းကို တိုးမြှင့်စေနိုင်ရုံ
သာမက ထူးခြားသော ဒိုချီအစွမ်းသက်ရောက်မှုကိုပါ
ရရှိစေသည်။ အဲဒါကြောင့် ဒိုချီတိုက်မြေမှာ မွန်းစတား
အမြုတေက အရောင်းကောင်းဆုံး ပစ္စည်းတခုဖြစ်ခဲ့သည်။
လက်နက်တွင်သာမက အမြုတေကို ချပ်ဝတ်တန်ဆာ
နှင့် တခြားခုခံရေးအသုံးအဆောင်ပစ္စည်းတွေမှာ ထည့်
သွင်း နိုင်သည်။ ချပ်ဝတ်တန်ဆာမှာ ထည့်သွင်းပေးခြင်း
ဖြင့်အလွန်ကောင်းမွန်တဲ့ ခုခံမှုအစွမ်းရရှိစေပြီး အန္တရယ်
ကျရောက်တဲ့အချိန်မှာ ဝတ်ဆင်သူကို ဒိုချီစွမ်းအင်အကာ
အကွယ်အလွှာမျိုးနှင့် ကာကွယ်ပေးထားပါသေးသည်။
အမျိုးမျိုးအထွေထွေ အသုံးဝင်မှုကြောင့် မွန်းစတားအမြု
တေသည် အရောင်းကောင်းဆုံး ပစ္စည်းဖြစ်ခဲ့သည်။ Dou
Zhe အဆင့်တောင်မက မှော်ဆေးပညာရှင်များကိုယ်တိုင်
အရည်အသွေးမြင့်ဆေးလုံး ဖော်စပ်ဖို့ အဆင်မြင့်မွန်းစတား
အမြုတေ ကို ကိုယ်တိုင်ကိုယ်ကျ လိုက်ရှာတတ်ကြသည်။
YOU ARE READING
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Приключенияကုန်းမြေဒေသတခု မှော်ပညာတွေလည်း မရှိပါဘူး.. အင်အားကြီးသူသာ အုပ်ချုပ်ရပြီး အင်အားငယ်သူတွေလိုက်နာရ၏။ ရတနာအမျိုးမျိုးနှင့် ဆွဲဆောင်မှုရှိတဲ့ မိန်းမလှလေးများ ပြည့်နှက်နေတဲ့ ကုန်းမြေ.. ကြိုမသိနိုင်တဲ့ အန္တရယ်အထွေ အထွေ.. .. လွန်ခဲ့သော သုံးနှစ် ရှောင်ယွင် ရာ...
