Ch 149

751 88 2
                                    

အပိုင်း ( ၁၄၉ )  ချိုင့်ဝှမ်းငယ်
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း

သုသာန်တစ်စပြင်အလား အလုံးစုံ ပြောင်းလဲသွားသည့် ခြံဝန်းကို ရှောင်ယိရှန် အံ့အားသင့်စွာဖြင့် ငေးကြောင်ကြည့်နေသည်။ ရွှင်းပေတံဓားကြီးအား ထမ်းထားသည့် လူငယ်လေးကို မြင်တဲ့အခါ သူမ၏ မျက်ဝန်းတွေက အရောင်တောက်ပသွားသည်။ ထို့နောက် သူမသည် အပြာရောင်သိမ်းငှက်ကြီး၏ အမွှေးတောင်ကို ညင်ညင်သာသာဖြင့် ပွတ်သပ်လိုက်ကာ ခြံဝန်းအတွင်းသို့ ဖြည်းညှင်းစွာ ဆင်းသက်လိုက်သည်။

သူမသည် အပြာရောင်သိမ်းငှက်ကြီးအပေါ်မှ သွက်လက်စွာ ခုန်ဆင်းလိုက်ပြီး ရှောင်ယွင်အနားသို့ လျှောက်သွားလိုက်သည်။ မူရှိလွင့်စင်သွားသည့် နေရာသို့ လှမ်းကြည့်လိုက်ပြီးနောက် အေးဆေးသည့်အသံဖြင့် မေးလိုက်၏

" သူ အခြေအနေ ဘယ်လိုရှိမလဲ.. " 

" အနည်းဆုံးတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်ပေါ့.. "    ရှောင်ယွင်လည်း သည်းသည်းထန်ထန်  ချောင်းဆိုးလိုက်ပြီးနောက် တစ်ချက် ပြုံးလိုက်ရင်း ပြောလိုက်၏။ ပါးစပ်ကို လက်ဖြင့် အုပ်ထားပေမဲ့ မကြာခင်မှာပဲ လက်ကြားထဲကနေ သွေးတွေ ယိုစီးကျလာသည်။

" အဆင်ပြေရဲ့လား.. "  ဖြူဖျော့လာသည့် ရှောင်ယွင်မျက်နှာကို ကြည့်ပြီး ရှောင်ယိရှန်က ကမန်းကတန်းဖြင့် နောက်ကျောကို ထုပုတ်ပေးကာ စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

" သိပ်တော့ မပြင်းထန်ပါဘူး..၊ အားတွေ အလွန်အကြူး သုံးလိုက်လို့ပါ.. "    ရှောင်ယွင်က အရေးမကြီးသလိုဟန်ဖြင့် လက်ကို ကာပြလိုက်သည်။ ထို့နောက် နံရံထောင့်တွင် ဖုန်ထနေသည်ကို ကြည့်ပြီ သူ့လက်ဝါးဖြင့် တွန်းထုတ်လိုက်သည်။ လေပြေတစ်ခုက တိုက်ခတ်လာပြီး ဖုန်မှုန့်တွေကို ရှင်းထုတ်လိုက်ကာ အပျက်အစီးပုံက မြင်ကွင်းထဲ ထွက်ပေါ်လာခဲ့သည်။

အပျက်အစီးပုံအောက်တွင် မပီမပြင်ဖြင့် မသဲမကွဲရှိနေသော တွန့်လိမ်နေသည့် ခန္ဓာကိုယ်တစ်ခုကို ရှောင်ယွင် လှမ်းကြည့်လိုက်သည်။ ထို့နောက် ခပ်သာသာလေး ချောင်းဆိုးလိုက်ပြီးနောက် ရွှင်းပေတံဓားကြီးကို တရွတ်တိုက် ဆွဲကိုင်ကာ အပျက်အစီးပုံထံသို့ လျှောက်သွားသည်။ ဒုန်းခနဲ ထွက်ပေါ်သွားသည့် အသံနှင့်အတူ ပေတံဓားကြီးသည် ကျောက်တုံးအပိုင်းတစ်တုံးကို ထိုးစိုက်လိုက်သည့်အခါ အခြေအနေဆိုးနေသည့် မူရှီ၏ ဖြူဖျော့ဖျော့ မျက်နှာက ထွက်ပေါ်လာသည်။

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းWhere stories live. Discover now