44 ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
——————————————
Chapter 44. ဘယ်သူစမ်းချင်သေးလဲသေခြင်းနှုတ်ခမ်းဝမှာ ယိုင်တိယိုင်တိုင်လျှောက်နေသကဲ့
သို့ သေလုမတတ်ဖြစ်နေသည့် ရှောင်နင်ကို ကြည့်ရင်း
ပရိသတ်မှာ ပိုပို၍ပင် တိတ်ဆိတ်သွားသည်။တဖန် စင်မြင့်ပေါ်မှာ နတ်ဆိုးတစ်ကောင်အလား မတ်
တပ်ရပ်နေတဲ့ ရှောင်ယွင်ဆီကို ပရိသတ်တွေ ပြန်လှည့်
ကြည့်ပြန်သည်။ ဘာတွေ ဘယ်လို ဖြစ်ပျက်သွားသလဲ
ဆိုတာ ဘယ်သူမှ သေသေချာချာ မသိလိုက်ပါဘူး။
သူတို့မြင်တာက ရှောင်နင် အားအင်တွေ ရုတ်တရက်
မြင့်တက်သွားပြီး နောက် အလျင်အမြန်ပဲ သူ တိုက်ခိုက်
ခံသွားတာကိုပဲ မြင်လိုက်ရသည်။ ရှောင်နင် ခွန်အားတွေ
တိုးမြင့်သွားပေမဲ့လည်း လက်သီးတစ်ချက်တည်းနဲပဲ
အရှက်တကွဲ ရှုံးသွားမယ်လို့ သူတို့ မမျှော်လင့်ထားမိဘူး။ဧည့်သည်စင်မြင့်ပေါ်ကနေ ကွင်းဆီကို ရပ်ကြည့်နေတဲ့
ရဖေးဟာ နီရဲထွေးနေတဲ့ သူမနှုတ်ခမ်းကို ပုလဲသားလေး
လို ဖြူနုတဲ့ လက်နဲ့ ဖုံးကာထားမိသည်။ စိတ်လှုပ်ရှားနေ
ခြင်းကြောင့် တစ်ကိုယ်လုံးလည်း တုန်ယင်နေမိသလို
ဖွံ့ထွားသော ရွှေရင်အစုံလည်း နိမ့်တုံ မြင်တုံ လိုက်ပါ
လှုပ်ခါနေသည်။" အစွမ်းကြီးတဲ့ ဒိုသိုင်းပါလား.. ဘယ်လိုအဆင့်မျိုးလဲ..
ရွှင်းအဆင့်လား.. ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ.. "ရဖေး ပင့်သက်ရှိုက်လိုက်မိသလို.. အတွေးများစွာ ဂယက်
ထကာ ရင်ဘက်ထဲမှာ လှုပ်ခါလျက်ရှိသည်။ ရွှင်းအဆင့်
ဒိုသိုင်းဆိုတာ ရှားလည်း ရှားပါးသလို တတ်ကျွမ်းဖို့လည်း
ခဲယဉ်းလှသည်။သိပ်မကြာခင်မှာပဲ ရဖေး ပုံမှန် ပြန်ဖြစ်လာသည်။ စော
စောက ရှောင်ယွင်ရဲ့ ဒိုသိုင်းကို အာရုံပြန်ဝင်စားကြည့်
လိုက်သည်။ မျက်ခုံးများ တွန်ချိုးစဉ်းစားရင်း သူမ တခုခု
ကို တွေးလိုက်မိသည်။" တကယ်လို့ ငါထင်တာ မှန်မယ်ဆိုရင်.. ရှောင်ကလန်ရဲ့
အဆင့်အမြင့်ဆုံး ဒိုသိုင်းက ခြင်္သေ့မာန်ဟုန်ပြင်းဒိုချီကျင့်
စဉ်နဲ့ တွဲသုံးရတဲ့ ရွှင်းအဆင့် ခြင်္သေ့မြေပြင်အက်ကွဲဒိုသိုင်း
ပဲမလား..?? အခု ငါမြင်ရသလောက်ဆိုရင် ရှောင်ယွင်
ဒိုသိုင်းက ခြင်္သေ့မြေအက်ကွဲသိုင်း မဟုတ်လောက်ဘူး..
အင်း.. ဒါဆိုရင်.. "
YOU ARE READING
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Adventureကုန်းမြေဒေသတခု မှော်ပညာတွေလည်း မရှိပါဘူး.. အင်အားကြီးသူသာ အုပ်ချုပ်ရပြီး အင်အားငယ်သူတွေလိုက်နာရ၏။ ရတနာအမျိုးမျိုးနှင့် ဆွဲဆောင်မှုရှိတဲ့ မိန်းမလှလေးများ ပြည့်နှက်နေတဲ့ ကုန်းမြေ.. ကြိုမသိနိုင်တဲ့ အန္တရယ်အထွေ အထွေ.. .. လွန်ခဲ့သော သုံးနှစ် ရှောင်ယွင် ရာ...