အပိုင်း ( ၁၄၇ )
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
××××××××××××××××မျက်နှာစာကွင်းပြင်တွင် ကြေးစားစစ်သည်များ တဖွဲဖွဲ စုရုံးရောက်ရှိလာသည်ကို ကြည့်ရင်း ရှောင်ယွင် ခပ်ဖွဖွလေး ပြုံးလိုက်မိ၏။ သူဟာ အရှေ့ကို တိုးလျှောက်လာပြီးလျှင် လူအုပ်စုကြီး၏ အရှေ့တွင် ရပ်လိုက်သည်။
" ဝမ်းနည်းပါတယ်.. ဒီနေရာကို ရောက်လာခြင်းက အားလုံးကို ဖျက်ဆီးပစ်မလို့ပဲ.. "
" ချာတိတ်လေး.. မင်းက သတ္တိရှိသားပဲ.. "
ရှောင်ယွင်၏ ပမာမခန့်သော အပြုအမူကို မြင်လျှင် မူရှီ၏ ဒေါသများသည် အပြုံးအဖြစ်သို့ ပြောင်းလဲသွားလေသည်။ မူရှီက လက်တစ်ချက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ မူလက ကျိုးကြေပျက်စီးသော တံခါးနေရာအစား ထုထည်ထူထဲခိုင်မာသော တံခါးတစ်ခုက လျှို့ဝှက်အံကြားကနေ ထွက်ကျလာကာ ဘုန်းခနဲ အသံများထွက်လာပြီးလျှင် ဝင်ပေါက်ကို လုံးဝ ပိတ်ချသွားလေသည်။
တံခါးမကြီးက ပိတ်ကျသွားသည်နှင့် ဝံပုလွေခေါင်းကြေးစားအဖွဲ့သားများသည် အလျှိုလျှိုထွက်ရှိလာကြပြီးလျှင် ရှောင်ယွင်အား တင်းမာသော မျက်နှာထားဖြင့် ဝိုင်းရံလိုက်ကြသည်။ နေရောင်အလင်းအောက်မှာ သူတို့၏ လက်နက်တွေတွေလည်း အေးစက်စက်အလင်းများ ဖြာထွက်နေသည်။
ဝိုင်းရံလာကြသော ကြေးစားစစ်သည်တို့ကို ကြည့်ပြီး ရှောင်ယွင် စိတ်ပျက်စွာ ခေါင်းယမ်းလိုက်သည်။
" မင်းနဲ့ငါ တစ်ယောက်ချင်း တိုက်လိမ့်မယ်လို့ မတွက်ဆထားနဲ့ကွ.. ငါကတော့ မင်းကို ရှင်းပစ်ဖို့ စိတ်အချရဆုံးနည်းလမ်းကိုပဲ သုံးရမယ်.. "
သူ၏ မျက်နှာထားနှင့် အကြည့်ကို ကြည့်ပြီး မူရှီက လှောင်လိုက်လေ၏။
ထိုစကားကို ကြားရသည့်အခါ ရှောင်ယွင်က ခေါင်းကို အေးဆေးပဲ ညိတ်လိုက်သည်။ မူရှီသည် ဤအုပ်စု၏ ခေါင်းဆောင်ဖြစ်နေမှတော့ ဘယ်နည်းနဲ့မှ အဆင်ခြင်မဲ့ အရူးတစ်ယောက်လို လုပ်လိမ့်မယ်မဟုတ်..။ တကယ်၍ မူရှီနေရာမှာဆိုလျှင်လည်း တစ်ယောက်ချင်း ထိပ်တိုက်ခြင်းနည်းလမ်းကို ရှောင်ယွင်လည်း ရွေးမှာ မဟုတ်ချေ။ လောကကြီးတွင် မည်သည့်အရာမှ အစစ်အမှန်မျှတမှု ရှိလိမ့်မည်နည်း..။ ဘယ်လိုပင် စက်ဆုပ်စရာကောင်းသည့် နည်းလမ်းဖြစ်နေပါစေ..၊ ပန်းတိုင်သို့ အဆင်ပြေပြေ ရောက်သည့်နည်းလမ်းကသာ အကောင်းဆုံး နည်းလမ်းဖြစ်ပေသည်။ အနိုင်ရသူသည် ထာဝရမှန်ကန်သူဖြစ်သွားကာ ရှုံးနိမ့်သူမှာ အရှုံးတရားနှင့်သာ ငိုပွဲဆင်သွားရမည်။ ထိုသဘောတရားကို ရှောင်ယွင် ကောင်းစွာ သဘောပေါက်သည်။
YOU ARE READING
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Adventureကုန်းမြေဒေသတခု မှော်ပညာတွေလည်း မရှိပါဘူး.. အင်အားကြီးသူသာ အုပ်ချုပ်ရပြီး အင်အားငယ်သူတွေလိုက်နာရ၏။ ရတနာအမျိုးမျိုးနှင့် ဆွဲဆောင်မှုရှိတဲ့ မိန်းမလှလေးများ ပြည့်နှက်နေတဲ့ ကုန်းမြေ.. ကြိုမသိနိုင်တဲ့ အန္တရယ်အထွေ အထွေ.. .. လွန်ခဲ့သော သုံးနှစ် ရှောင်ယွင် ရာ...