Chapter. 71
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavensအချိန်တစ်နာရီလောက် ထိုင်နေပြီးနောက် လှပတဲ့ အစေခံမိန်းမပျိုလေးက နောက်ဆုံး ပြန်ရောက်လာခဲ့သည်။ သူမ၏ လက်နှစ်ဖက်က ငွေလင်းဗန်တစ်ချပ်ကို ကိုင်ဆောင်လာခဲ့သည်။ ငွေလင်ဗန်းပေါ်မှာ အနီလဲ့လဲ့ လက်စွပ်တစ်ကွင်း ပါလာခဲ့သည်။
ငွေလင်ဗန်းကို လှမ်းယူလိုက်ပြီးနောက် မိန်မပျိုလေးကို ပြန်လွှတ်လိုက်သည်။ ထို့နောက် သူမကိုယ်တိုင် လက်စွပ်ကို ကမ်းပေးလိုက်ကာ ပြုံးပြီ ပြောလိုက်သည်။
" ဆရာကြီးရှင့်.. ဆေးမီးအိုးရော .. ဆေးအမယ်တွေပါ ဒီလက်စွပ်ထဲမှာ အကုန်ထည့်ထားပါတယ်ရှင့်"
ရှောင်ယွင် လက်ကို လှမ်းပြီး သိုလှောင်လက်စွပ်ကို ယူလိုက်သည်။ လက်ဝါးပြင်ပေါ်မှာ ဆော့ကစားလိုက်ပြီးနောက် အသာအယာ ခေါင်းညိတ်လိုက်သည်။ တစ်ချိန်တည်းမှာပဲ ရွဲ့လော်၏ အသံက ထွက်ပေါ်လာခဲ့သည်။
" ကောင်းပြီလေ.. ချီစုစည်းဆေးလုံးကို ဖော်စပ်ပြီးရင်တော့ လာပို့လိုက်မယ်.. "
ရဖေး၏ မျက်နှာမှာ ၀င်းပစွာ ၀မ်းသာသွားပြီး ခပ်သွက်သွက်လေး ခေါင်းညိတ်လိုက်သည်။
" ကဲ .. လိုက်မပို့ကြနဲ့တော့.. ကိုယ့်ဘာသာပဲ ပြန်ထွက်တော့မယ်... "
လက်ကို ဝှေ့ယမ်းလိုက်ပြီနောက် ရှောင်ယွင်က လက်စွပ်ကို ယူပြီး လက်ချောင်းမှာ ၀တ်ဆင်လိုက်သည်။ ပြီးနောက် အနောက်လှည့်မကြည့်တော့ဘဲ ဧည့်ခန်းကို ကျောခိုင်းကာ တစ်ခါတည်း ထွက်သွားလိုက်တော့သည်။ စားပွဲခုံပေါ်မှာတော့ အပြာရောင် ကျောက်စိမ်းကတ်က ကျန်လျက်သား ကျန်ခဲ့သည်။ ရှောင်ယွင်က သူတို့အပေါ် အကြွေးများစွာ အတင်မခံချင်သူမို့ ဒီအတိုင်းပဲ ထားခဲ့လိုက်ခြင်း ဖြစ်သည်။
တံခါးပေါက်နေ ထွက်ခွာသွားသော ပုံရိပ်ကို ငေးကြည့်နေကာ ရဖေးသည် သူမ နှုတ်ခမ်းသားကို ဖိကိုက်လိုက်သည်။ ထို့နောက် အရှေ့ကို တိုးသွားလိုက်ပြီးနောက် အပြာရောက် ကျောက်စိမ်းကတ်ကို ကောက်ယူလိုက်သည်။ အနည်းငယ် ပြန်ပြောင်းစဉ်းစားလိုက်ပြီးနောက် ကြည်လင်သော အသံဖြင့် မေးလိုက်သည်။
![](https://img.wattpad.com/cover/156754420-288-k775992.jpg)
YOU ARE READING
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Adventureကုန်းမြေဒေသတခု မှော်ပညာတွေလည်း မရှိပါဘူး.. အင်အားကြီးသူသာ အုပ်ချုပ်ရပြီး အင်အားငယ်သူတွေလိုက်နာရ၏။ ရတနာအမျိုးမျိုးနှင့် ဆွဲဆောင်မှုရှိတဲ့ မိန်းမလှလေးများ ပြည့်နှက်နေတဲ့ ကုန်းမြေ.. ကြိုမသိနိုင်တဲ့ အန္တရယ်အထွေ အထွေ.. .. လွန်ခဲ့သော သုံးနှစ် ရှောင်ယွင် ရာ...