Chapter 51

1.7K 264 1
                                    

51 ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
——————————————
Chapter - 51 Relief

တံခါးမကြီးအနားတွင် အစောင့်အကြပ်ဆယ်ယောက်
ကျော် တို့ဟာ ထွက်ပေါက် မရောက်ခင်နေရာမှာ
ကျီးကန်းတောင်း မှောက်မျက်လုံးတွေနှင့် သေချာစောင့်
ကြပ်နေလျက်ရှိသည်။ ဂိတ်ပေါက်ဝအနားရှိ ချထားသော
ကုလားထိုင်တစ်လုံးပေါ် တွင် လူတစ်ယောက်က တစ်သီး
တစ်ခြားတည်း ထိုင်နေလျက်ရှိသည်။

သူ့လက်ထဲမှာ မှင်တံတစ်ချောင်းနှင့် စာအုပ်ထူထူတစ်အုပ်
က ရှိနေသည်။

ထိုအချိန်တွင် မျိုးနွယ်လူငယ်များဟာ ထိုလူအိုကြီးအရှေ့
မှာ တန်းစီနေရပြီတော့ သူတို့ယူဆောင်လာတဲ့ ဒိုချီ ကျင့်
စဉ် ကို ပြသရသည်။ ထိုမှသာလျှင် ထွက်ခွင့်ရမည် ဖြစ်
သည်။ ပြသ ပြီးပြီနောက်အစောင့်အကြပ်အယောက်
ဆယ်ယောက်ကျော် တို့၏ အေးစက်စက်အကြည့်တွေ
အောက်မှာ ဒိုချီကျင့်စဉ်ဂေ ဟာကနေ စည်းစနစ်ရှိစွာ
ထွက်ခွာကြရသည်။

ဒါဟာ ဒိုချီကျင့်စဉ်ဂေဟာ ကနေ ထွက်ခွာရသည့် လုပ်နည်း
ပုံစံ ဖြစ်လေသည်။ ဒိုချီကျင့်စဉ်ဂေဟာကို မ၀င်စဉ်အခါမှာ
လည်း ရှောင်ယွင်နှင့် အားလုံးကို လုပ်ထုံးလုပ်နည်းတွေ
ကို ပြောပြထားပြီး၍ ဒါဟာ သူတို့ မသိထားတဲ့အရာတစ်ခု
မဟုတ်ပါဘူး။

ဒိုချီကျင့်စဉ်ဂေဟာဆိုတာ ကလန်မျိုးနွယ်၏ ချီကျင့်စဉ်အား
လုံးကို ထိန်းသိမ်းစောင့်ရှောက်ပေးထားသော နေရာဖြစ်ပြီ
၎င်းကျင့်စဉ်တွေဟာ မျိုးနွယ်ဆက် ၁၂ ကျော်မျှ ဒုက္ခခံပြီ
စု ဆောင်းထားသော ကျင့်စဉ်များ ဖြစ်ကြသည်။ ဒီကျင့်
စဉ်တွေ ရှောင်မျိုးနွယ်တွေ၏ ထောက်တိုင် သို့ အခြေခံ
အုတ်မြစ် ဖြစ် ပေသည်။ ထို့ကြောင့်မို့ ဒိုချီကျင့်စဉ်တွေကို
အထူးကာကွယ် စောင့်ရှောက်ထားခြင်းဖြစ်သည်။
မျိုးနွယ်တွေဟာ သူတို့၏ ကျင့်စဉ်စာလိပ်တွေကို ၀ါးတစ်
မျိုး ဖြင့် အထူးပြုလုပ်သိမ်းဆည်းထားသည်။ ၎င်း ၀ါးမျိုး ကို
သားအမိဟု တင်စားခေါ်ဆိုကြသည်။ အမိဟုခေါ်ဆိုသော
ဝါးအပိုင်းမှာ လက်ဝါးတစ်ပြားစာ အရွယ်အစားရှိပြီ သား
ဟု ခေါ်သော ၀ါးအပိုင်းမှာ ၁၂ မီတာကျော်မျှ ကြီးထွားနို
င်သည့် ၀ါးပင်မျိုး ဖြစ်သည်။ ဒိုချီကျင့်စဉ် သို့မဟုတ် ဒိုသို
င်း ဖြစ်စေ ဤ၀ါးပင်မှရသော ၀ါးဖြင့်သာ ပြုလုပ်ပြီ အမိအပို
င်းကို မျိုး နွယ်ခေါင်းဆောင်က ကိုင်ဆောင်ထား၍ မည်
သူမျှ ကျင့်စဉ် စာလိပ်ကို ခိုးယူဆောင်နိုင်ခြင်းမရှိချေ။
အဘယ်ကြောင့် ဆိုသော် သားဖြစ်သည့် ၀ါးစာလိပ်က အမိ
ဝါးအပိုင်းရှိနေ သည့် နေရာကနေ ထွက်သွားသည့်နှင့်
တစ်ပြိုင်နက် အမိ ဖြစ်သည့် ၀ါးအပိုင်းက ချက်ချင်း အား
လုံးကို အချက်ပေး သောကြောင့် ဖြစ်သည်။

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းWhere stories live. Discover now