Chapter 98

1.3K 238 6
                                    

အပိုင်း ( ၉၈ ) - ခက်ခဲအောင် လုပ်ဆောင်ခြင်း

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens

ရှောင်ယွင်သည် ရွက်ဖျင်တဲကြီးဆီကို အေးဆေးစွာ သွားသည်။ ရှောင်ယုက သူ့အနောက်တွင် စိတ်တိုစွာဖြင့် သူ့နောက်ကျောကို ကြည့်ပြီ အံကို တင်းတင်းကြိတ်ထားသည်။ ရှောင်ယွင်က သူမ၏ ကမ်းလှမ်းချက်ကို ငြင်းပယ်ပြီး မျက်နှာသာလည်း မပေးမှာကို သူမ တကယ်မထင်မှတ်ထားခဲ့သည်။

အစိမ်းရောက်ရွက်ဖျင်တဲကြီးအနားရောက်လာလေ လူဆယ်ယောက် ကျော်တို့က ထိုရွက်ဖျင်တဲအရိပ်တွင် စုနေသည်ကို သူတို့ မြင်လိုက် ရသည်။ သူတို့က ကိုယ်စီအစုအဖွဲ့ဖြင့် စကားပြောနေကြခြင်း ဖြစ်၏။ အေးဆေးစွာ ရှိနေသာ သူတို့၏ အမူအရာကြောင့် ထိုသူတို့သည် ရွှယ်နီလိုပဲ ဂျားနန်အကယ်ဒမီကျောင်းမှ ကျောင်းသားများ ဖြစ်နိုင်မှန်း ပြောနိုင်သည်။

ရွက်ဖျင်တဲ၏ အေးမြသော အရိပ်အပြင်တွင် အယောက်နှစ်ဆယ်ကျော် ရှိသည့် လူငယ်များနှင့် မိန်းကလေးများက နေပူပူအောက်တွင် မြေကြီး ပေါ်မှာ ထိုင်နေကြသည်။ နေပူဒဏ်ကြောင့် ချွေးတပြိုက်ပြိုက် ထွက်နေ ကြပါသော်လည်း သူတို့၏ အမူအရာက မဝံ့မရဲ ဖြစ်နေကြသည်။ တစ်ချက်ကြည့်ရုံဖြင့် သူတို့သည် ကွင်းအပြင်မှာ လုပ်သော စမ်းသပ် ခြင်းတွင် ဝင်ခွင့်အောင်သွားသော ကျောင်းသားအသစ်ဖြစ်မှန်း သိလိုက်သည်။

ထိုစဉ် ရွက်ဖျင်တဲတွင် စကားဆိုနေကြသော အမျိုးသမီးနှစ်ယောက် သည် ခေါင်းကို မော့ကြည့်လိုက်ရာ ရှောင်ယုနှင့် သူမ၏ အဖွဲ့က သူတို့ဆီ လှမ်းလာနေသည်ကို တွေ့လိုက်သည်။ ရှောင်ယုအား မြင်လိုက်သည်နှင့် ထိုကျောင်းသူ၏ မျက်နှာက ဝင်းပသွားကာ ပြေးထွက်လာပြီး ရှောင်ယုအနားတွင် ရယ်မောသံများ တသောသော ညံသွားခဲ့သည်။

ရုတ်တရက် ဖြစ်ပေါ်လာသော ဆူညံသံကျယ်ကျယ်ကြောင့် ရှောင်ယွင် သည် သူ့ခေါင်ပေါက်ကွဲတော့မတတ် ခံစားလိုက်ရသည်။ ဆယ်ကျော်သက်ကောင်မလေးများ၏ ဆူညံသံတွေနှင့် သူ နားမယဉ်သေး၍ ဖြစ်သည်။ ငယ်ရွယ်ပြီး ချောမောကြသည့် ကျောင်းသူ တွေအား ကြည့်ပြီး ဂျားနန်အကယ်ဒမီကျောင်းတွင် ရှောင်ယုမှာ အတော်လေး ပေါင်းသင်းဆက်ဆံရေးကောင်းမှန်း ရှောင်ယွင် သဘောပေါက်လိုက်သည်။

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းWhere stories live. Discover now