အပိုင်း ၁၂၇
လုပ်ကြံလိုသူတို့၏ ဖမ်းဆီးပွဲ
================ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens===================================
ငြိမ်သက်တိတ်ဆိတ်နေသော မှောင်သားရဲကောင်တောင် တန်းကြီးမှာ ရုတ်ချည်း ထွက်ပေါ်လာသော လိုက်လံဖမ်းဆီးနေမှု ကြောင့် ဝရုန်းသုန်းကား ဖြစ်သွားလေသည်။ ကျယ်လောင်သည့် အသံဆူဆူများက ငြိမ်သက်နေသည့် တောင်တွင်းတခွင် ပဲ့တင်ထပ် နေတော့သည်။ထိုသို့ လိုက်လံနေကြသည် ကြေးစားစစ်သည်အုပ်စုတွင် အဆင့်မတူကြခြင်းကြောင့် လိုက်ပြေးနေသော အချို့ကြေးစားစစ် သည်တို့သည် ခြေလှမ်းများကို ရပ်လိုက်ကြကာ သူတို့ကို ကျော် ဖြတ်သွားသော လူအုပ်ကြီးကို ငေးကြည့်နေကြရတော့သည်။
တချို့ ကြေးစားစစ်သည်တို့သည် စပ်စပ်စုစုဖြင့် ထိုလူအုပ် ကြီးအနောက်ကို ပြေးလိုက်လိုက်သည်။ သူတို့သည် ထိုကဲ့သို့ လိုက် လံ ဖမ်းဆီးရလောက်အောင် ဖြစ်စေသောလူမှာ အဘယ်ကဲ့သို့ လူ မျိုး ဖြစ်နေမလဲဆိုတာကို သိချင်သွားသောကြောင့် ဖြစ်သည်။
“ ရှောင်ယွင်ကို ဖမ်းကြ.. အဲ့ကောင်မှာ ရွှင်းအဆင့် ဒိုချီ ကျင့်စဉ် တစ်ခု ရှိနေတယ်ဟေ့.. ”
ထိုသို့ လိုက်ဖမ်းနေရင်း မုရှီသည် ဘေးကနေ ရပ်ကြည့်နေ ကြသော ပြင်ပကြေး စားစစ်သည်တို့ကို တွေ့လိုက်သည့်အခါတွင် ပါးစပ် အကျယ်ကြီးဟလိုက်ကာ ထိုစကားကို အော်ဟစ်ပြောလိုက် လေသည်။
ခေါင်းဆောင်ကိုယ်တိုင် အော်ပြောလိုက်သည်ကို ကြားလျှင် ဝံပုလွေခေါင်းကြေးစားအဖွဲ့သားတို့သည်လည်း အကင်းပါးစွာဖြင့် သူတို့၏ ခေါင်းဆောင်စကားအတိုင်း လိုက်လံ အော်ဟစ်ကြလေ၏ ချက်ချင်းပင် ရှောင်ယွင်က ရွှင်းအဆင့် ချီကျင့်စဉ်တစ်ခုအား ပိုင် ဆိုင်နေကြောင်း သတင်းက တောင်တန်းတခွင် ပျံ့နှံ့သွား၏။
ရွှင်းအဆင့် ချီကျင့်စဉ် ဆိုသည့် စကားလုံးအား ကြားမိသူ တိုင်း လုပ်လက်စအလုပ်အား ရပ်တန့်ကာ တစ်ယောက်ကို တစ် ယောက် ကြည့်လိုက်မိကြချေသည်။
ထိုသို့ တိတ်ဆိတ်နေရင်း ဘယ်သူမှလည်း ရွှင်းအဆင့် ချီ ကျင့်စဉ်၏ ဆွဲဆောင်မှုဒဏ်ကို မခံနိုင်ရကား သူတို့သည် လက်နက် ကိုင်စွဲပြီးနောက် အရှေ့ဝေးဝေး ကနေ ပေါ်လိုက် ပျောက်လိုက် ဖြစ် နေသော လိုက်ဖမ်းနေသူအနောက်သို့ စတင်လိုက်ကြတော့သည်။
YOU ARE READING
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Adventureကုန်းမြေဒေသတခု မှော်ပညာတွေလည်း မရှိပါဘူး.. အင်အားကြီးသူသာ အုပ်ချုပ်ရပြီး အင်အားငယ်သူတွေလိုက်နာရ၏။ ရတနာအမျိုးမျိုးနှင့် ဆွဲဆောင်မှုရှိတဲ့ မိန်းမလှလေးများ ပြည့်နှက်နေတဲ့ ကုန်းမြေ.. ကြိုမသိနိုင်တဲ့ အန္တရယ်အထွေ အထွေ.. .. လွန်ခဲ့သော သုံးနှစ် ရှောင်ယွင် ရာ...