68. ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through the Heavens
By Heavenly Silkworm Potato
_______________________________Chapter 68. နှလုံးသားကြွေဆင်းမီးတောက်
ကျဉ်းမြောင်းတဲ့ ဂူအတွင်းမှာ မျက်လုံးမှိတ်ပြီ ဒိုချီကျင့်နေသော ရှောင်ယွင်ကို ရွဲ့လော်က စောင့်ကြည့်ပေးနေသည်။ ရွဲ့လော်သည် နီရဲနေသော မျက်လုံးကို လက်ဖမိုးဖြင့် သုတ်လိုက်သည်။ အန္တရာယ်များတဲ့ ကျင့်စဉ်ကို ရှောင်ယွင် ရွေးလိုက်တဲ့ အကြောင်းပြချက်ထဲမှ သူဟာ တစ်ခု ဖြစ်ကြောင်း ရွဲ့လော် ရှင်းလင်းစွာ သိသည်။ ရွဲ့လော်ရင်ဘက်ထဲမှာ နွေးထွေးမှုတွေ ခံစားနေရသည်။ အသက်ပြင်းချပြီး ကောင်းကင်ကို ကြည့်လိုက်ကာ လေသံတိုးလျစွာဖြင့်
" ဘာမှ စိတ်မပူနဲ့... ဒီကမ္ဘာမှာ အတော်ဆုံးမှော်ဆေးပညာရှင်တစ်ယောက် ဖြစ်လာအောင် ငါ မင်းကို လေ့ကျင့်ပေးမှာပါ.. "
လူတစ်ယောက်က ဒိုကျဲအဆင့်ကို ရောက်သွားပြီးဆိုလျှင် ဒိုချီကျင့်စဉ်ကျင့်ဖို့လည်း အခွင့်ရပြီးဖြစ်သည်။ ထိုအခါ ခန္ဓာကိုယ်အတွင်းမှ အဖြူထည်သက်သက် ဒိုချီစွမ်းအင်သည် ဒိုချီကျင့်စဉ်နှင့် လျော်ညီသော ဂုဏ်သတ္တိရှိသည့် ဒိုချီစွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။
ဒိုချီစွမ်းအင်၏ ပထမဆုံးပြောင်းလဲမှုအတွက် အချိန်အများကြီး မလိုအပ်ပါဘူး။ နှစ်နာရီမျှသာ အချိန်ယူရသည်။ ထိုအချိန်တွင် တင်ပျဉ်ခွေထိုင်နေသော ရှောင်ယွင်သည် မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
သိုင်းကျင့်လိုက်ပြီး၍ ရှောင်ယွင်မှာ အရင်ထက် ပိုပြီး အားမာန်တက်ကြွမှု ပိုရှိလာသည်။ ကလေးဆန်သော သူ့မျက်နှာမှာ နွေးထွေးမှုနှင့် စိုပြေနုညံ့နေပြီး စွမ်းအင်တွေ ပြည့်ဝနေသကဲ့သို့ ရှိနေသည်။
ရှောင်ယွင်သည် မျက်တောင်ကို အကြိမ်အနည်းငယ် ဖွင့်ပိတ်လုပ်ကာ ပြင်ပအလင်းရောင်နှင့် ချိန်ညှိလိုက်သည်။ သူ ခပ်သာသာလေး ပြုံးလိုက်သည်။ ဒိုချီကျင့်စဉ်ကို ကျင့်လိုက်သည့်အတွက်ကြောင့် အရင်ကထက် ခံစားတွေ့မြင်မှု ပိုကောင်းမွန်လာသောကြောင့် ဖြစ်သည်။
YOU ARE READING
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Adventureကုန်းမြေဒေသတခု မှော်ပညာတွေလည်း မရှိပါဘူး.. အင်အားကြီးသူသာ အုပ်ချုပ်ရပြီး အင်အားငယ်သူတွေလိုက်နာရ၏။ ရတနာအမျိုးမျိုးနှင့် ဆွဲဆောင်မှုရှိတဲ့ မိန်းမလှလေးများ ပြည့်နှက်နေတဲ့ ကုန်းမြေ.. ကြိုမသိနိုင်တဲ့ အန္တရယ်အထွေ အထွေ.. .. လွန်ခဲ့သော သုံးနှစ် ရှောင်ယွင် ရာ...